Support for Remote Workers During Covid-19 Outbreak

Covid-19 outbreak အတွင်း ကုမ္ပဏီအဖွဲ့အစည်းတွေကြား ပြောင်းလဲလာသည့် လုပ်ငန်းခွင် ပုံစံ နှင့် remote workers များအတွက် ထောက်ပံ့မှုများ
🔹 🔹 🔹 🔹 🔹 🔹🔹 🔹 🔹 🔹 🔹 🔹🔹 🔹 🔹 🔹 🔹 🔹

Covid-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ကမ္ဘာ့ကပ်ရောဂါ အဖြစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ကြေငြာခဲ့ပါတယ်။ ဒီလို မကြေငြာစဥ်ကတည်း က ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ covid-19 ရောဂါပိုး ပျံ့နှံ့ဝင်ရောက်လျက်ရှိပြီးတော့ တစ်ချို့နိုင်ငံတွေမှာ တစ်နိုင်ငံလုံးအနေအထားနဲ့ lock down ပြုလုပ်လိုက်ရတာမျိုးတွေ ရှိလာခဲ့ပါပြီ။ ဒီလို အခြေအနေမှာ အစိုးရရုံးများ၊ ကျောင်းများ၊ လူစည်ကားရာ ရုပ်ရှင်ရုံများ နဲ့ ပွဲလမ်းသဘင် စတာတွေကိုလည်း အတတ်နိုင်ဆုံး မပြုလုပ်ဖို့တွေ ညွှန်ကြားနေကြသလို ကုမ္ပဏီတွေအနေနဲ့ကလည်း မိမိတို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး အတွက် အထူးဂရုပြု ဆောင်ရွက်နေကြပြီး အိမ်ကနေအလုပ်လုပ်နိုင်တဲ့ အလုပ်ခွင်ပုံစံကို တော်တော်များများက ဖန်တီးပေးနေကြပါပြီ။ ကုမ္ပဏီတွေ အနေနဲ့လည်း ကမ္ဘာ့ကပ်‌ရောဂါ covid-19 ဖြစ်ပွားနေမှုအတွင်းမှာ မိမိတို့လုပ်ငန်း ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့နဲ့ ဝန်ထမ်းတွေနဲ့ ကိုယ့် ရဲ့ customers တွေ အကြားလိုအပ်ချက်တွေကို ပုံမှန်အတိုင်းဖြည့်တင်းပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားလျက်ရှိကြပါတယ်။

ကမ္ဘာ့ထိပ်သီးနည်းပညာ ကုမ္ပဏီတွေတော်တော်များကလည်း remote workers တွေ အဆင်ပြေဖို့အတွက် သူတို့ရဲ့ services တွေကို သုံးလ လောက်အထိ free တွေ ပေးနေပါတယ်။ အဲ့ထဲမှာ Cisco, Microsoft , google တို့လည်း ပါဝင်ပြီး သူတို့ရဲ့ video conferencing services တွေကို သုံးလအထိ free trial access တွေ ပေးခဲ့ပါတယ်။ Covid-19 ကြောင့် လက်ရှိ အနေအထားအရ ပုံမှန် အလုပ်လုပ်တာကနေ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့နေရာကနေ virtual communication တွေ လုပ်လာနိုင်တဲ့ video conferencing ပတ်ဝန်းကျင်တစ်ခု က ဒီထက်ပိုပြီးတော့ တွင်ကျယ်လာတော့မယ့်အပြင် နိုင်ငံတိုင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေကလည်း ဒါကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတော့မှာဖြစ်ပါတယ်။ NEX4 အနေနဲ့ video conferencing နဲ့ ပတ်သတ်တဲ့ UC services အကြောင်းတွေကို Ko Bo Bo Aung ‌မှ အပြည့်အစုံ ရေးထားပြီးသားဖြစ်ပြီး အောက်ကလင့်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
👇
UC
https://www.facebook.com/pg/nex4ict/photos/?tab=album&album_id=971140443090663&__tn__=-UCH-R

ဒါ့အပြင် Cisco အနေနဲ့လည်း သူတို့ရဲ့ security နဲ့ ဆိုင်တဲ့ services တွေရဲ့ license တွေကို free expansion တွေကို ထပ်တိုးပေးခဲ့ပြီးတော့ cisco နည်းပညာတွေကို သုံးပြီး customer တွေကို အဓိက support ပေးနေတဲ့ ကုမ္ပဏီတွေ work from home လုပ်နေတဲ့အချိန်မှာ အဆင်ပြေစေဖို့အတွက် အဓိက ရည်ရွယ်ခဲ့ပါတယ်။ Cisco ကနေ free license တွေ ထပ်တိုးပေးခဲ့တဲ့အထဲမှာ
အင်တာနက်ပေါ်ကနေ ဖြတ်သွားတဲ့ အသုံးပြုသူတွေရဲ့ threat တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ပြီးတော့ အန္တရယ်ရှိတဲ့ threat တွေကို ကာကွယ်ပေးနေတဲ့ Cisco Umbrella လို service လိုမျိုးပါဝင်ပြီးတော့ ဒီ services မျိုးကို trial period အနေဖြင့် ၁၄ ရက် ကနေ ရက်ပေါင်း ၉၀ အထိ တိုးမြင့်ပေးထားခဲ့ပါတယ်။
ထပ်ပြီးတော့
users တွေရဲ့ identity တွေ သူတို့တွေသုံးတဲ့ devices တွေ အတွက် security အရ လိုအပ်တဲ့ multi factor authentication တွေကို ထောက်ပံ့ပေးတဲ့ duo security လိုမျိုး service အပြင် remote workers တွေရဲ့ secure remote connection တွေအတွက် အဓိကထားပြီး support ပေးတဲ့ Cisco AnyConnect Secure Mobility Client တွေ ရဲ့ license တွေကို free trial တွေ သတ်မှတ်ပေးခဲ့ပါတယ်။

NEX4 Company အနေနဲ့လည်း မိမိတို့ support ပေးနေရသည့် customers များအတွက် Covid-19 outbreak ကာလအတွင်း Customer Support Team မှ ပြောင်းလဲ လုပ်ဆောင်ပေးသွားမည့် plan များကို အသိပေးပြောကြားခဲ့ပြီး
https://www.facebook.com/nex4ict/posts/1197510967120275

ကုမ္ပဏီဝန်ထမ်းများ၏ work from home ပုံစံဖြစ်လာခဲ့လျှင် လုပ်ဆောင်နိုင်ဖို့အတွက် security compliance rules (Devices, Applications) များကို Microsoft Solutions များကို အသုံးပြု၍ ချမှတ်ထားပြီးဖြစ်ပါသည်။

References :
https://blogs.cisco.com/developer/business-continuity

Don’t forget to share this post!