Trend Micro Apex One

Endpoint Security ကို ကျွန်တော်တို့ Infrastructure Network ထဲမှာ ဘာကြောင့် လိုအပ် လာတယ် ဆိုတာကို ရှေ့က Endpoint Security Article မှာ မိတ်ဆက်ပြီးပါပြီ။ အခု Article မှာတော့ Endpoint Security ရော Hybrid Cloud Security အဖြစ်ပါ ထုတ်လုပ်ထားတဲ့ Trend Micro Product အကြောင်းကို မိတ်ဆက်ပေးချင် ပါတယ်။
‍‍‍‍‍‍
Trend Micro Overview
– – –
‍‍‍‍‍‍
Trend Micro ကို Steve Chang , Eva Chen နဲ့ Jenny Chang တို့က စတင် တည်ထောင်ခဲ့ပါတယ် ။ Trend Micro ဟာ Security လောက မှာ နှစ်ပေါင်း 30ကျော် ရပ် တည် ခဲ့ပြီးတဲ့ ယုံကြည်စိတ်ချရတဲ့ Vendor တစ် ခုဖြစ်ပါတယ်။
‍‍‍‍‍‍
ဒါ့အပြင် အခု 2019 August မှာ Gartner ရဲ့ Endpoint Security Report အရ Trend Micro Products တွေ ဟာ Leader Chart မှာ ပါဝင်နေ ဆဲဖြစ်ပါ တယ်။
‍‍‍‍‍‍
Trend Micro ဟာ သူ့ရဲ့ Security Productsတွေ ကို Endpoint Security နဲ့ Hybrid Cloud Security ဆို ပြီး အပိုင်း 2 ပိုင်း ခွဲကာ ထုတ်လုပ် ထားပါတယ်။
‍‍‍‍‍‍
ဒီနေ့ မှာတော့ Endpoint Security Category အောက်က Trend Micro Apex One ( Smart Protection Suite) အကြောင်း ကိုလေ့ လာ ကြည့် ပါမယ်။
‍‍‍‍‍‍
🔴 Trend Micro Apex One 🔴
‍‍‍‍‍‍
Apex One ကို Trend Micro ရဲ့ Smart Protection Suite တစ်ခုလို့ သတ် မှတ် လို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Trend Micro ရဲ့ အရင် ထွက်ခဲ့သမျှ Endpoint Security Features များစွာကို Suite တစ် ခုထဲ အနေနဲ့ ပေါင်း စပ်ထားလို့ို့ဖြစ်ပါတယ်။
‍‍‍‍‍‍
Apex One Endpoint Security က အဓိကထားတဲ့ Protection Points တွေက …
🔒 Physical Endpoints
🔒 Microsoft Windows PC and Servers
🔒 Mac Computers
🔒 Point of Sale (POS) and ATM Endpoints စတာတွေ ပဲ ဖြစ် ပါတယ်။
‍‍‍‍‍‍
Trend Micro Apex One Endpoint Security Suite ရဲ့ Capabilities တွေ ကိုလေ့ လာကြည့်မယ်ဆိုရင်…
‍‍‍‍‍‍
 Malware and Ransomware Protection
Endpoint Security ကို အဓိက သုံးရတဲ့ ရည်ရွယ်ချက်က Malwareတွေ ၊ Ransomware တွေရန်က ကာကွယ်နိုင်ဖို့ အပြင် Unknown Threats တွေကိုပါ ကာကွယ်ဖို့ို့ဖြစ်ပါတယ်။ Trend Micro က ဒီ ရည်ရွယ်ချက်ကို အပြည့်အဝ Support ပေးနိုင်ပါတယ်။
‍‍‍‍‍‍
 Detection and Response Capabilities
Detection and Response အပိုင်းကို လုပ်ဆောင် ဖို့ Trend Micro မှာ Endpoint Sensor တွေ ပါဝင်ပါတယ်။ ဒီ Endpoint Sensor တွေဟာ EDR နည်းပညာ နဲ့ပေါင်း စပ်ပြီး Email, Endpoint နဲ့ Server တွေဆီရောက် လာနိုင်တဲ့ Threat တွေ ကို သိရှိပြီး Block လုပ်ပေးနိုင်ပါတယ်။ Security Technologies တွေထဲက Threat Hunting အပိုင်းထိ ဆက်သွားလို့ ရအောင် MDR (Managed Detection and Response) အပိုင်းကို ပါ Trend Micro က Support ပေးထားပါတယ်။ Threat တစ်ခုကို Block လုပ်ရုံသာမက ဒီ Threat တစ်ခုရဲ့ Alert ထဲမှာပါတဲ့ Factors တွေ၊ Indicators တွေ အားလုံးကို Analyze လုပ်ဖို့ အတွက် နောက်တနည်းပြောရရင် Threat Hunting လုပ်ဖို့ တွက် MDR Solution ကို Provide လုပ်ပေးထားတာပဲဖြစ် ပါတယ်။
‍‍‍‍‍‍
 Virtual Patching
တချို့ Infra အကြီးပိုင်းတွေမှာဆိုရင် Operating System or Application တစ်ခုကို Patch လုပ်နိုင်ဖို့ အချိန် ယူရပါတယ်။ ဘာကြောင့်လဲ ဆိုရင် Patch တစ်ခုကို တန်းမတင်ခင် ဒီ Patch ဟာ Production System မှာ Fix ဖြစ်ရဲ့ လား ဆိုတာ အချိန် တစ်ခုယူပြီး Testing Environment မှာ Patch ကို အရင်စမ်းရပါတယ်။ Testing လုပ်နေတဲ့ အချိန် Vulnerability တွေရှိနေတဲ့ ကျွန်တော် တို့ Production Network ထဲ ကို Exploits တွေ ရောက် လာ နိုင်ပါတယ်။ ဒါကြောင့် Trend Micro ကနေ Vendor တွေ ဆီက Patch ကို ချက်ချင်း Deploy မလုပ်နိုင်ခင်အချိန်တွင်းမှာ Vulnerable Servers တွေ၊ Endpoints တွေကို Attackers ရဲ့ Exploits တွေဆီကနေ ကာကွယ် နိုင်အောင် Apex One Suite မှာ Virtual Patching ကို ထည့် သွင်းပေးထားတာ ပဲ ဖြစ်ပါတယ်။
‍‍‍‍‍‍
 Threat Defense
Trend Micro ရဲ့ Apex One ဟာ တခြား Security Tools တွေကို သူ့ရဲ့ Global Colud Threat Intelligence မှ တဆင့် ပေါင်း စပ်ထားတဲ့ အတွက်ကြောင့် အချိန်နဲ့တ ပြေးညီ Threats Information Updates တွေ ကို Endpoints တွေဆီပေးပို့ နိုင်ပါ တယ်။
‍‍‍‍‍‍
 Centralized Visibility and Controls
Trend Micro Apex Central က Apex One ရဲ့ Capabilities တွေကို Full Visibility နဲ့ မြင်နိုင်တဲ့အပြင် Centralized Management Console အဖြစ်ပါ လုပ်ဆောင်ပေး ပါတယ်။
‍‍‍‍‍‍
 Available on-premise or as a service
Trend Micro Apex One Featuresတွေ ကို Organization ရဲ့ Security လို အပ် ချက်တွေ အရ On-Premised မှာရော Cloud-based SaaS ဆိုပြီး Deploy Option Modes ၂ခု ထဲ ကနေရွေးချယ်နိုင်ပါတယ်။
‍‍‍‍‍‍
Trend Micro Product ဟာ ဆိုရင် NEX4 က Endpoint Security အနေနဲ့ Customers တွေဆီ Provide လုပ်ပေးနေတဲ့ Security Solution တစ်ခုဖြစ် ပါတယ်။ နောက်တပတ် မှာ Trend Micro ရဲ့ Hybrid Cloud Security အကြောင်း ကို ထပ်မံပြောပြပေး သွား မှာ ပဲဖြစ်ပါတယ်။

Don’t forget to share this post!