Data Security Solution

ကျွန်တော်တို့အများစုက Network Security ဘက်ကို အလေးထားကြပေမဲ့ Database Security ပိုင်းမှာ အလေးထားလုပ်ဆောင်မှု အားနည်းနေသေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Potential Problem လျစ်လျူရှုထားသလိုဖြစ်တတ်ပါတယ်။ ဒီပြဿနာတွေကို အချိန်ပြည့်ဖြေရှင်းရမယ်ဆိုရင် ပိုပြီးတော့ အချိန်လဲကုန်၊ Workload ပါတိုးစေမှာပါ။ ပုံမှန် Database Security ပိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်ခဲတွေကို ဖော်ပြပေးပါမယ်။
‍‍‍‍‍‍
🔐 ကျွန်တော်တို့ရဲ့ အပတ်စဉ် Database Log Report မှာ SQL Queries တွေက ထောင်နဲ့ချီရှိပါတယ်။ ဒီ Queries ထောင်ချီထဲကမှ ဘယ် Queries တွေက သံသယရှိဖွယ်(suspicious) ဖြစ်ကြောင်းကို ဘယ်လိုဆုံးဖြတ်မလဲ။
‍‍‍‍‍‍
🔐 ကျွန်တော်တို့က Log Report မှာပါတဲ့ SQL Queries တွေအကုန်လုံးကို ပြန်ပြီး Review သေချာ မလုပ်နိုင်ကြပါဘူး။ Database Server တစ်လုံးလောက်ကပဲထွက်တဲ့ Log ကိုတောင်မှ Review သေချာမလုပ်နိုင်ဘူးဆိုရင် Servers တွေအများကြီးက Log တွေကို စီစစ်ဖို့ ပိုခက်ပါလိမ့်မယ်။
‍‍‍‍‍‍
🔐 Database Administrator (DBA) တွေက CPU၊ Disk I/O၊ Storage တွေ Performance မကျအောင် Native Auditing (Log In/ Log Out လုပ်တာတွေ၊ Database Server မှာ ဘယ် Queries တွေ Run သွားတယ် အစရှိသည်) ကိုလုပ်ခွင့်မပေးကြပါဘူး။ DBA တွေက Log In/ Log Out Attempts တွေနဲ့ User Activities တွေကို SQL Exceptions နဲ့ဖမ်းထားကြပါတယ်။ တကယ်လို့ သံသယရှိဖွယ် Query တစ်ကြောင်း Run တာကို SQL Exception က Trigger မဖမ်းမိလိုက်ဘူးဆိုရင် ဘယ်လိုဖြေရှင်းမလဲ။
‍‍‍‍‍‍
🔐 Application အမျိုးမျိုးကနေသုံးတဲ့ Database Service ID တွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ Database Service ID တစ်ခုချင်းစီကိုလိုက်ပြီး Data Access လုပ်တဲ့နေရာမှာ ပုံမှန် Behavior နဲ့ဟုတ်မဟုတ်ဆိုတာကို ပုံမှန်အားဖြင့်မသိနိုင်ကြပါဘူး။
‍‍‍‍‍‍
🔐 ဥပမာအနေနဲ့ ကျွန်တော်တို့မှာ Database ကို Access လုပ်တဲ့ ဝန်ထမ်းကတော့ 5000 ရှိတယ်။ ဒါပေမဲ့ IT Security Team ကတာ့ 10 ယောက်လောက်ပဲရှိတယ်။ ဝန်ထမ်းက သူလုပ်ခွင့်ရတာထက်ပိုပြီး Data Access လုပ်တာကို ချက်ချင်းသိနိုင်မှာလား။
‍‍‍‍‍‍
ဒီလိုမျိုး အခက်အခဲတွေတွေ့ ကြုံနေရပြီး အဆင်မပြေဖြစ်နေတယ်ဆိုရင် ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် Imperva ရဲ့ Data Security ကို သတိရလိုက်ပါ !!!
‍‍‍‍‍‍
🔹 NEX4 မှာ လူကြီးမင်းတို့ရဲ့ Security ပိုင်းဆိုင်ရာ အခက်အခဲတွေ၊ Pain Points တွေနဲ့ ကိုက်ညီတဲ့ Solutions တွေကို Propose လုပ်ပေးရုံသာမက Security Devices တွေနဲ့ပတ်သက်ပြီး ဝယ်ယူလိုပါကလည်း အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။

Don’t forget to share this post!