Why your business needs a business continuity plan (PCB)

 Business တစ်ခုကို ဈေးကွက်ထဲမှာ အများထက်ပိုပြီး အောင်မြင်ဖို့ Customers တွေကို 24/7 Services ပေးနိုင်ခြင်းက အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

 Downtime မရှိဘဲ 24/7 Services ပေးနိုင်ဖို့ိဆိုရင် ဘယ်လို ရာသီဥတု၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့ Business Services တွေက ပုံမှန် Run နေနိုင်ဖို့ကို ထည့်သွင်းစဉ်းစားဖို့လိုလာပါတယ်။

 တစ်နည်းအားဖြင့် Business Continuity Plan (BCP) လိုအပ်လာပါပြီ။ ဒီ Article မှာတော့ Business တွေက BCP ဘာကြောင့် ထားရှိသင့်သလဲ ဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
 ကျွန်တော်တို့ နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေကတော့ ကြုံတွေ့ရမြဲပါပဲ။ ဒါပေမယ့် ငလျင်လှုပ်တာတွေ ၊ ရေကြီးတာတွေ နဲ့ အခြား သဘာဝဘေးအန္တရာယ်တွေကပဲ Business Services တွေရဲ့ Downtime ကို ဖြစ်ပေါ်စေနိုင်တာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေက Dataတွေကို မတော်တဆ မှားဖျက်တာတွေ ၊ Security Awareness မရှိတဲ့ ဝန်ထမ်းတွေကြောင့် ကိုယ့်ရဲ့
Organization ထဲကို Virus တွေ ၊ Malware တွေ ဝင်လာပြီး Attack လုပ်ခံရတာတွေ အစရှိတဲ့ Cyber Criminals တွေကလည်း Service Downtime ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ Business Operations တွေ ရပ်တန့်မသွားအောင် Business Continuity Plan(BCP) ရှိဖို့လိုအပ်ပါတယ်။
‍‍‍‍‍‍
 ယနေ့ခေတ်မှာ Business အများစုက သူတို့ Data တွေကို Backup အနေနဲ့ အခြား Physical Location တစ်ခုမှာ သိမ်းဆည်းထားကြပါတယ်။ ဒီမှာ ပြဿနာစရှိတာက Backup Data တွေထားတဲ့ Location တွေပါ သဘာဝဘေးအန္တရာယ်ကြုံရင် ဘယ်လိုလုပ်မလဲရယ် ပြီးတော့ Services သာ Down သွားခဲ့ရင် ချက်ချင်းပြန်ရအောင် Backup Location နဲ့ ဘယ်လို Connect လုပ်မလဲဆိုတဲ့ Concern တွေရှိလာပါတယ်။ ဒါတွေကို စိတ်ရှုပ်ခံပြီး ပူပန်နေစရာမလိုတဲ့ Cloud နည်းပညာကို အခြေခံထားတဲ့ Business Continuity Disaster Recovery Solutions တွေရှိနေပါပြီ။ ဒီ Solution တွေက လက်ရှိ On-Premises မှာ Run နေတဲ့ Business Applications တွေ Down သွားခဲ့ရင် Manual Effort မလိုဘဲ Automation နဲ့တကွ Downtime မရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
‍‍‍‍‍‍
 Business Continuity Plan(BCP) ထားရှိထားတဲ့ Banks တွေ ၊ Business တွေက အရေးကြီးတဲ့ Mission-Critical Data တွေ ၊ Services တွေကို ဘယ်လို အချိန် ၊ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် Access ရနေတဲ့အတွက်ကြောင့် Customers တွေ စိတ်ကျေနပ်မှုရစေပါတယ်။ ဈေးကွက်ထဲမှာလည်း အခြားပြိုင်ဖက် တွေနဲ့ ယှဉ်ပြီး ရွေးချယ်မှုမျိုးလုပ်ရရင်တောင်မှ Customers တွေက BCP ရှိတဲ့ ကိုယ့် Business ဘက်ကို ရွေးချယ်ဖို့များပါတယ်။
‍‍‍‍‍‍
လက်ရှိမှာ NEX4 အနေနဲ့ကတော့ Business Continuity Plan (BCP) ကို Banks တွေမှာ Provide ပေးနေပါတယ်။ Business က Growth ဖြစ်လာတာနဲ့ အမျှ Infrastructure အတွက် စိတ်ချရမယ့် Complete BCP Plan ကို အခုချိန်မှ စပြီးရေးဆွဲထားသင့်ပါတယ်။
‍‍‍‍‍‍
Service Downtime ပြဿနာကို ဖြေရှင်းနိုင်ဖို့ BCP Planning ကို လုပ်ကြပါစို့…

Don’t forget to share this post!