Differences Between Power BI Free & Power BI Pro

Microsoft Power BI ကတော့ Business Analytics လုပ်ပေးတဲ့ Service တစ်ခုဖြစ်ပါတယ်။
အခုလက်ရှိအရ Power BI မှာဆိုရင်..
1. Power BI Free/Desktop
2. Power BU Pro
3. Power BI Premium ဆိုပြီး Version 3 ခုရှိပါတယ်။
‍‍‍‍‍‍
ဒီ Article မှာတော့ Power BI Free နဲ့ Pro တို့ကြား ကွားခြားချက်ကို ပြောပြချင်ပါတယ်။
‍‍‍‍‍‍
Power BI Free ကို သုံးမယ်ဆိုရင်တော့ Power BI Subscription မလိုပါဘူး။ ကိုယ့်ရဲ့PC သို့မဟုတ် Desktop ကနေ Power BI Desktop application ကို Download ဆွဲပြီး Reports တွေ ၊Dashboard တွေဆောက်လို့ရမယ် ၊ ပြီးတော့ ဆောက်ပြီးသား Reports တွေ Dashboard တွေကို Power BI Service ပေါ်ကို Publish ( Cloud မှာရှိတဲ့ Power BI Service ပေါ်ကို တင်တာ) လုပ်လို့ရပါတယ်။ ဆောက်ပြီးသား Reports တွေ ၊ Dashboard တွေက Power BI Service ပေါ်ကို ရောက်မှသာ ကိုယ့် Organization ထဲမှာ ရှိတဲ့သူတွေကို ဖြစ်စေ ၊ တခြား Organization က သူတွေကို ဖြစ်စေ Share လို့ရမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
ဒါပေမဲ့ Power BI Free မှာတော့ Limitations (ကန့်သတ်ချက်) တွေရှိပါတယ်။ ဒါတွေကိုတော့အောက်မှာ လေ့လာကြည့်ကြရအောင်။
‍‍‍‍‍‍
❎ ဆောက်ထားတဲ့ Reports တွေ ၊ Dashboards တွေကို ကိုယ့်ရဲ့ Organizational Accounts အချင်းချင်းရော ၊ တခြား Organization က သူတွေ (External Organizational Accounts) Share လို့မရပါဘူး။
‍‍‍‍‍‍
❎ Power BI မှာ Application Workspaces လို့ခေါ်တဲ့ Group တွေဖွဲ့ပြီး Access Level (Admin ၊ Member ၊ Contributer ၊ Viewer ) သတ်မှတ်ပြီး Dashboards တွေ ၊ Reports တွေကို Share လို့မရပါဘူး။
‍‍‍‍‍‍
❎ Developers တွေ အနေနဲ့လည်း သူတို့ Application ရေးတဲ့ အချိန်မှာ Power BI Graphs တွေ၊ Charts တွေ အစရှိတဲ့ Power BI Content တွေကို ထည့်သွင်းပြီး Develop လုပ်လို့မရပါဘူး။
‍‍‍‍‍‍
❎ Power BI Reports တွေကို Emails ( Outlook ၊ Gsuit Email ) တွေက တစ်ဆင့် Share ပြီးကြည့်လို့မရပါဘူး။
‍‍‍‍‍‍
❎ Power BI Data Sets တွေကို Excel ကနေတစ်ဆင့် Pivot Table တွေ၊ Charts တွေ၊
Slicer Features တွေ ကိုသုံးလို့မရပါဘူး။
‍‍‍‍‍‍
✔ Power BI Pro ကတော့ Power BI ရဲ့ Full Version ဖြစ်ပြီးတော့ အပေါ်က Limitations (ကန့်သတ်ချက်) တွေ မရှိပါဘူး။ Data Sets တွေ ၊ Dashboards တွေ ၊ Reports တွေကို ဆောက်ပြီးတော့ Internal ထဲမှာပဲ ဖြစ်ဖြစ် ၊ External ကသူကိုပဲ ဖြစ်ဖြစ် Accounts အချင်းချင်းအပြန်အလှန် Share လို့ရပါတယ်။ Power BI Pro ကို သုံးမယ်ဆိုရင်တော့ License Subscription လိုပါတယ်။ ဒါမှမဟုတ် Microsoft Office365 E5 Plan ကို ဝယ်သုံးမယ် ဆိုရင်တော့ Power BI Pro ကတော့ပါပြီးသားဖြစ်ပါတယ်။
‍‍‍‍‍‍
✔ Microsoft ရဲ့ Gold Partner ဖြစ်တဲ့ NEX4 အနေနဲ့ အခုလက်ရှိမှာတော့ M365 ၊ Office365 နဲ့ အခြား Microsoft Solutions များကို ပေးနေပါတယ်။ တစ်ဖက်မှာလည်း NEX4 Customer Success Team (NEX4 CSM) ကနေ Customer Infrastructure နဲ့ ပတ်သက်ပြီး Visibility ရှိအောင် Value ရှိတဲ့ Power BI Reports တွေကို Provide လုပ်ပေးနေပါတယ်။ ကျေးဇူးတင်ပါတယ်။

Don’t forget to share this post!