vMware Horizon

အရှေ့ Part-1 တုန်းက Management View ကနေ VMware Horizon ကို ဘယ်အချိန်မှာ သုံးသင့်တယ်ဘယ်လို Organization မျိုးတွေက သုံးသင့် တယ်၊ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာတွေ ပြောပြထားပါတယ်။ ဒီ Part-2 မှာတော့ Technical View ကနေ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ အသေးစိတ် ရှင်းပြသွားမှာ မဟုတ်ဘဲ Overview နဲ့ နားလည်လွယ်အောင် Sharing လုပ်ပေးမှာဖြစ်ပါတယ်
‍‍‍‍‍‍
‍‍‍‍‍‍ ➡️ Overview အနေနဲ့ Horizon Components တွေ၊ အဲ့ဒီ Components တွေရဲ့ အဓိက Tasks တွေ၊ Connection တွေအတွက် ဘယ်လို Protocol တွေရှိလဲဆိုတာတွေ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

➡️ VMware Horizon မှာ အခြေခံ အားဖြင့် ဘယ် Components တွေပါလဲ..
🔹 VMware Horizon ဖြစ်တဲ့ အတွက် VMware Infrastructure တစ်ခုတော့ လိုအပ်ပါတယ်။
VMware Horizon မှာ vCenter က မရှိ မဖြစ်လိုအပ်ပါတယ်။ vCenter ကနေမှ တခြား ကျန်တဲ့ Server Components တွေကိုလဲ Manage လုပ်ရမှာ ဖြစ်ပါတယ်။
vCenter Server ရှိနေတဲ့ VMware Infra ပေါ်မှာ နောက်ထပ် မရှိမဖြစ်လိုအပ်တာက Connection Server ဖြစ်ပါတယ်။
‍‍‍‍‍‍
🔹 Connection Server က အဓိက ဘာတွေ လုပ်ဆောင်လဲ
အဓိက က Horizon ရဲ့ Management အပိုင်းလုပ်ကိုလုပ်ပေးပါတယ်။ Client Connection တွေ အတွက် Broker အနေနဲ့ လုပ်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။
‍‍‍‍‍‍
🔹 နောက်ထပ် အရေးကြီးတဲ့ Component တစ်ခုက တာ့ Composer Server ဖြစ်တယ်။
Composer Server က Virtual Desktops တွေ အများကြီး ရအောင် Clone လုပ်ပေးတဲ့ အဓိက Component ဖြစ်ပါတယ်။ Composer server မရှိခဲ့ရင် Virtual Desktops တွေကို Link Clone လုပ်ပေးနိုင်မှာမဟုတ်တော့ပါဘူး။
‍‍‍‍‍‍
🔹 နောက်ထပ် မရှိ မဖြစ် လိုအပ်တာကတော့ Master VM တစ်လုံး ဖြစ်ပါတယ်။ ဒီ VM ကို Snapshot ယူပြီးရင် ဒီ VM လိုမျိုး ပုံစံတူ Desktop VM တွေကို Composer Server ကနေ ပွားပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Parent VM မှာ ကိုယ်နှစ်သက်ရာ Specifications တွေ၊ Applications တွေ နဲ့ Configuration တွေကို ပြင်ထားဖို့လိုအပ်ပါတယ်။
‍‍‍‍‍‍ ‍‍‍‍‍‍
🔹Clone လုပ်ထားတဲ့ VMs တွေ (Virtaul Desktop) တွေရပြီ ဆိုရင်တော့ Users တွေသုံးနိုင်ဖို့ အတွက် Identity လုပ်ထားရမှာ ဖြစ်ပါတယ်။ Users Access တွေကို Identity လုပ်နိုင်ဖို့ Microsoft ရဲ့ Active Directory နဲ့လဲ Connection ရှိဖို့ လိုအပ်ပါတယ်။ Microsoft Active Directory (AD) မှာ Users တွေ ကို OUs တွေ ခွဲပြီးဆောက်ထားနိုင်ပါတယ်။ AD မှာ ရှိတဲ့ Users တွေကို Virtual Desktops တွေမှာ Entitle လုပ်ထားပြီး အသုံး ပြုခိုင်းရမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
🔹 Desktops and Applications Virtualization လို့ ပြောတဲ့ အတွက် Applications Virtualization လုပ်နိုင်ဖို့ ဆိုရင် RDS Farm က မရှိမဖြစ်လိုအပ်ပါတယ်။ Farm ထဲမှာ Applications တွေကို Virtualized အနေနဲ့ ရှိစေပြီး Users တွေကို Publish လုပ်ပေးခြင်းဖြစ်ပါတယ်။
‍‍‍‍‍‍
🔹Additional Components တွေ အနေနဲ့ Security Server တို့ Identity Manager Server တို့လဲ ထပ်ထည့် နိုင်ပါတယ်။
‍‍‍‍‍‍
🔹 DMZ ဇုံ အဖြစ် သတ်မှတ်ထားတာ ဖြစ်ဖြစ် External Access တစ်ခုက ဖြစ်ဖြစ် လှမ်းပြီးသုံးဖို့ လိုလာပြီ ဆိုရင်တော့ Security Server or Access Point လိုအပ်လာမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
🔹 Virtualized Applications တွေ Desktops တွေကို Single Sign-on အနေနဲ့ လိုအပ်လာတဲ့ အချိန်မှာတော့ Identity Manager Server လိုအပ်လာပြီး VMware Horizon Environment နဲ့ပြန် ချိတ်ပေးထားရမှာ ဖြစ်ပါတယ်။ Users တွေလှမ်း Access လုပ်တဲ့ အချိန်မှာ VMware VDI က Blast Extreme Protocol ကိုပေးထားပါတယ်။
‍‍‍‍‍‍
🔹 VMware Horizon က Zero Client/ Thin Client Devices တွေနဲ့ပါ တွဲသုံးလို့ရပါတယ်။ ဒီ Devices တွေက အလွန် စျေးသက်သာပါတယ်။ ဒါကြောင့် Zero Client/ Thin Client တွေကို Horizon နဲ့ တွဲပြီး Virtual Desktops တွေ၊ Applications တွေကို Users ကို ပေးသုံးမယ် ဆိုရင် ကုန်ကျ စရိတ်အများကြီး သက်သာ မှာ ဖြစ်ပါတယ်။ Zero Client/ Thin Client တွေနဲ့ တွဲသုံးမယ် ဆိုရင် PCoIP Protocol တွေ Provide လုပ်ပေးနိုင်ပါတယ်။
‍‍‍‍‍‍
➡️ Connection Server ကို Horizon View Manager လို့လဲ ခေါ်ကြပါတယ်။ Virtual Desktops တွေ Virtual Applications တွေ Create လုပ်ဖို့ Desktop Pool တွေ၊ Application Pool တွေကို အရင်ဆုံး Horizon View မှာ အရင် တည်ဆောက်ရပါတယ်။ View Manager ကနေလဲ ဒီ Desktop Pool တွေ၊ Application Pool တွေရဲ့ Status ကို အစဉ်မပြတ် စောင့်ကြည့်နေနိုင်ပါတယ်။ View Manager ကနေ Users တွေရဲ့ အသုံးပြု တဲ့ Session တွေ၊ Log in/ Log Out လုပ်တဲ့ Session တွေကိုပါ Check လို့ရပါတယ်။ Control နဲ့ Management လုပ်လို့ရပါတယ်။
‍‍‍‍‍‍
➡️ VMware Horizon ကို Overview အနေနဲ့ Sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ NEX4 Company အနေနဲ့ Customer ရဲ့ Current Environment နဲ့ User Requirement တွေအရ ဘယ်လို အသုံးပြုသင့်တယ်၊ ဘယ် Solution Option မျိုးကတော့ သင့်တော်တယ် အစရှိသဖြင့် Consulting Services တွေ၊ Implementaion Services တွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Don’t forget to share this post!