Cisco Webex Room Kit Mini

➡ ဒီ Article လေးကိုတော့ Video Conference အကြောင်းလေးနဲ့ စလိုက်ချင်ပါတယ်။လုပ်ငန်းခွင်မှာဆိုရင် Video Conference ကို ဘယ်လိုအခြေအနေမျိုးမှာလုပ်ကြလဲဆုုိရင် ရေခြားမြေခြားနေရာခြားမှာရှိကြတဲ့ ရုံးခွဲက ဝန်ထမ်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ Business Partners တွေနဲ့ ဖြစ်ဖြစ်၊ Customers တွေနဲ့ပဲ ဖြစ်ဖြစ် Business ကိစ္စရပ်တွေအတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုအပ်လာတဲ့ အခါမျိုးမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဘဏ်မှာဆိုရင် Customers တွေကို Service အသစ်တွေပေးနိုင်ဖို့အတွက် ရုံးချုပ်က သက်ဆိုင်တဲ့သူတွေကနေ ရုံးခွဲမှာရှိတဲ့ ဝန်ထမ်းတွေကို Training ပေးဖို့ လိုအပ်လာတယ်ဆိုပါစို့ ။ ဒီလို အခြေအနေမျိုးမှာ ရုံးချုပ်က သက်ဆိုင်တဲ့ သူသုံးယောက်လောက်က နေရာတစ်ခုမှာ စုဝေးပြီး ရုံးခွဲက လူငါးယောက်လောက်ကို Video Conference လုပ်ပြီး Training ပေးပါတယ်။ဒီလိုကိစ္စမျိုးအတွက် Free ရတဲ့ Video Conferencing Solutions ကို သုံးမယ််ဆိုရင်တော့ Video Conference လုပ်နေရင်း အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။ ဒါတွေကတော့ တစ်ယောက်ယောက်က စကားပြောနေရင်း ဘေးကလူက Laptop ကနေ Typing ရိုက်တာပဲဖြစ်ဖြစ် ၊ စာရွက်လှန်တာပဲ ဖြစ်ဖြစ် ဒီလို Noise တွေ ၊ တစ်ချက်တစ်ချက်မှာ ကိုယ့်အသံကိုယ် ပြန်ကြားရတဲ့ Echoed Voice တွေ မသိတာ အစရှိတာတွေပဲ ဖြစ်ပါတယ်။ အဆိုးဆုံးကိစ္စအနေနဲ ့Free Video Conferencing တွေက Meeting ထိုင်တဲ့ သူတွေအကုန်လုံးကို ပြတာဖြစ်တဲ့အတွက် Meeting တက်ရောက်သူတွေထဲကမှ ဘယ်တစ်ယောက်ကပြောနေမှန်း မသိတာတွေ ဖြစ်ပါတယ်။ ဒီလိုတွေဖြစ်ရင် အပြင်မှာ မျက်နှာချင်းဆိုင် Physical Meeting လုပ်ရတဲ့ Feeling နဲ့ အရမ်းကို ကွာနေမှာဖြစ်ပါတယ်။
‍‍‍‍‍‍
➡ ဒီလို အဆင်မပြေမှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ Video Conference လုပ်တဲ့ အချိန်မှာ Physical Meeting လုပ်နေတဲ့အတိုင်းပဲ ခံစားချက်မျိုးရဖို ့ဆိုရင် ကောင်းမွန်တဲ့ Video Conferencing System တစ်ခုကို သုံးဖို့လိုအပ်နေပါပြီ။ အပေါ်ကလို ဘဏ်က Use Case မျိုးအတွက်ဆိုရင်တော့ Cisco Video Conferencing System ထဲကတစ်ခုဖြစ်တဲ့ Cisco Webex Room Kit Mini က သင့်တော်ပါတယ်။‍‍‍‍‍‍ Cisco Webex Room Kit Mini ကတော့ လူသုံးယောက်ကနေ ငါးယောက်လောက်အထိ ဆံ့တဲ့ Meeting ခန်းတွေအတွက် သင့်တော်ပြီး Artifical Intelligent နည်းပညာပါဝင်တဲ့ Video Conferencing System တစ်ခုဖြစ်ပါတယ်။သူ့ကို အသုံးပြုရတာလဲ လွယ်သလို Manage လုပ်ရတာလဲ လွယ်ပါတယ်။ သူ့ကိုတော့
‍‍‍‍‍‍
☑ Camera ( ရုပ်ကို Capture လုပ်ဖို့အတွက် ) ၊
‍‍‍‍‍‍
☑ Microphone ( အသံဖမ်းဖို့အတွက်) ၊
‍‍‍‍‍‍
☑ Speakers ( Video Conference လုပ်နေချိန်မှာ အခြားတစ်ဘက်ကနေ ပြောတာတွေကို ကြားရဖို့အတွက်) နဲ့
‍‍‍‍‍‍
☑ Codec ( Camera နဲ့ Microphone တွေက Capture လုပ်ထားတဲ့ အရုပ်၊ အသံတွေကို Network ပေါ်မှာ Trasmit လုပ်နိုင်ဖို့ Compression နဲ့ Decompression လုပ်ပေးဖို့ အတွက်) တွေကို Single Device တစ်ခုအနေနဲ့ ပေါင်းစည်းပါတယ်။၎င်း Single Device နဲ့ Display(LCD TV) ကနေ ချိတ်ဆက်ပြီး Video Conference လုပ်နေချိန်မှာ တခြားတစ်ဘက်က သူတွေကို 4K Resolution (3840 X 2160 Pixels) နဲ့ ပြသပေးနိုင်ပါတယ်။ သူ့မှာပါတဲ့ Touch 10 Control Unit လေးကတော့ Video Conference အဖွင့်အပိတ် ၊ တခြား တစ်ဘက်ကို Content တွေကို Share လုပ်ချင်တဲ့ အချိန်မှာ သုံးဖို့နဲ့ Video Conference လုပ်ဖို့အတွက် Contact Lists တွေကို ကြည့်ဖို့ ၊ အလင်းအမှောင်တွေ ချိန်ဖို့ အစရှိသဖြင့် Control လုပ်ပေးတဲ့ Device တစ်ခုဖြစ်ပါတယ်။
‍‍‍‍‍‍
➡ Webex Room Kit Mini ကို အသုံးပြုရင်း ရရှိတဲ့ User Experiences အနေနဲ့ကတော့ အပေါ်ပြောခဲ့သလိုပဲ Video Conference လုပ်နေချိန်မှာ ဝင်လာတဲ့ Noise တွေကို ဖယ်ရှားပေးပါတယ်။ ပြီးတော့ Meeting မှှာ ပြောနေတဲ့ သူကိုပဲ Detect လုပ်ပြီး တစ်ဖက်ကို Zoom ပြပေးတယ်။ Audio Experience လည်း ကောင်းကောင်းရပြီးတော့ Echoed Voice တွေကို မရှိတော့တဲ့အတွက် Virtual Meeting လုပ်နေတယ်လို့တောင် ထင်နိုင်ဖွယ်မရှိပါဘူး။ ထပ်ပြီးတော့ Users တွေရဲ့ PC တွေ Laptop တွေနဲ့ Webex Room Kit Mini ကို Wireless ရော Wired ရောနှစ်မျိုးလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီးတော့ ပြသတဲ့ Resolution အနေနဲ့ကလည်း အပေါ်မှာ ပြောခဲ့သလို 4K Resolution နဲ့ ကြည်ကြည်လင်လင်တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် 4K Resolution ကို ပြသပေးနိုင်မယ့် Display( LCD TV) တော့ ဖြစ်ရပါမယ်။
‍‍‍‍‍‍
Cisco နဲ့ Gold Partner ဖြစ်တဲ့ NEX4 အနေနဲ့ လက်ရှိမှာတော့ Video Conferencing Solutions တွေပါဝင်တဲ့ Cisco Unified Communication(UC) Solutions တွေကို Customers တွေရဲ့ Requirements တွေနဲ့အညီ Consulting လုပ်ပေးပါတယ်။ ဒါ့အပြင် ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းအတော်များများကိုလည်း UC Solutions တွေကို Provide ပေးလျက်ရှိပါတယ်။
‍‍‍‍‍‍
➡ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ Rooms အတွက် ရည်ရွယ်တဲ့ Video Conferencing Systems တွေကတော့ Products မျိုးစုံ ရှိပါတယ်။ ဒါပေမဲ့ ငါးယောက်လောက်စုဝေးလို့ရတဲ့ Meeting Room အတွက် Video Conferencing System အကြီးကြီး သုံးဖို့ မလိုအပ်ပါဘူး။ သင့်တော်တဲ့ Products ကို သင့်တော်တဲ့ နေရာအတွက် ရွေးချယ်အသုံးပြုနိုင်ဖို့ တိုက်တွန်းရင်း ဒီအကြောင်းအရာလေးကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။

Don’t forget to share this post!