Cloud-Based Storage Analysis

➡ စီးပွားရေးလုပ်ငန်းတွေမှာ နေ့စဉ်နဲ့အမျှ Business Data တွေကို Storage Devices (Unity, SC Series, XtremIO etc..) တွေမှာ သိမ်းဆည်းကြပါတယ်။ 
‍‍‍‍‍‍ 
ဒီလို Storage Devices မှာ သိမ်းဆည်းထားတဲ့ Business Data တွေကို အချိန်မရွေး Access ရနေဖို့က Business အတွက် Critical ကျပါတယ်။ Storage Devices တွေကို Anytime Access ရနေဖို့ဆိုရင် အရင်ဆုံး Downtime မရှိအောင် ကြိုတင်ပြီး ဘယ်လို အခြေအနေ ရှိသလဲဆိုတာကို Monitoring & Analysis လုပ်နေသင့်ပါတယ်။ 
‍‍‍‍‍‍ 
1️⃣ ဒီလိုမျိုး ကိုယ့်ရဲ့ Storage Systems တွေကို Real Time မှာ Performance Utilization တွေကို Monitoring လုပ်ချင်ပါသလား ‍‍‍‍❓
(ဥပမာအားဖြင့် –
– Storage က ဘယ်လောက် Bandwidth နဲ့ သွားနေတယ်ဆိုတဲ့ Bandwidth Usage တွေ ၊ 
– Storage က CPU ဘယ်လောက်သုံးနေတယ်ဆိုတဲ့ CPU Utilization တွေ ၊ 
– Storage ကို Access လုပ်ရတာ ကြာ မကြာဆိုတဲ့ Latency ဘယ်လောက်ရှိလဲ အစရှိသဖြင့် Performance Metrics တွေကို Graph တွေနဲ့ Visualization ကောင်းကောင်း လိုချင်ပါသလား)
‍‍‍‍‍‍ 
2️⃣ Storage ရဲ့ Capacity တွေ Usage ဘယ်လောက် ရှိနေပြီလဲ သိချင်ပါသလား ‍‍‍‍❓
( ဥပမာအားဖြင့် – 
– ကိုယ့် Infrasturcture မှာသုံးနေတဲ့ Storage တွေက Provisioned လုပ်ထားတဲ့ အထဲကမှ ဘယ်လောက်သုံးနေတယ်၊
– ဘယ်လောက်ကတော့ Free ဖြစ်နေတယ် ဆိုတဲ့ System Capacity တွေ ၊ 
– ကိုယ့် Storage ကို ဘယ်လောက်ပြန်ပြီး Reclaim လုပ်လို့ရတယ်ဆိုတဲ့ Reclaimable Space တွေကို သိချင်ပါသလား ) 
‍‍‍‍‍‍ 
3️⃣ ကိုယ့်ရဲ့ Data Center (DC Site) အတွက်ဖြစ်စေ ၊ Disaster Recovery (DR Site) အတွက် ဖြစ်စေ ၊ Storage ဘယ်လောက်သုံးထားတယ် ၊ ပြီးတော့ ဘယ် Site မှာတော့ ဘယ် Storage Model တွေကို သုံးထားတယ် စတဲ့ Inventory Information တွေကို တစ်နေရာတည်းက မြင်ချင်ပါသလား ‍‍‍‍❓ 
( ဥပမာအားဖြင့် – 
– ကိုယ့် Infrastructure တစ်ခုလုံးမှာ ဘယ် Storageတွေကို ဘယ် Site တွေမှာ ဘယ်နှစ်ခု သုံးထားလဲ
– ဘယ် Storage ထဲမှာ ဘယ် Hosts (ESXi) တွေ ရှိနေလဲ ၊ ၎င်း Hosts တွေကကော Storage ကို ဘယ် Protocol တွေ သုံးပြီး Access လုပ်နေလဲ ၊
– Host တစ်ခုချင်းစီက Storage ထဲက ဘယ်လောက်ကို Provisioned Space အနေနဲ့ ယူထားလဲ စတဲ့ Information တွေကို မြင်ချင်ပါသလား )
‍‍‍‍‍‍ 
4️⃣ Storage တွေရဲ့ Health အခြေအနေအနေတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ Actions တွေယူချင်ပါသလား။ ပြီးတော့ Storage Issues တွေကို Email နဲ့ ဖြစ်စေ ၊ ဒီတိုင်း Portal ကို ဝင်ကြည့်နေရင်းဖြစ်စေ Alerts လုပ်စေချင်ပါသလား ‍‍‍‍❓ ‍‍‍‍‍‍ 
( ဥပမာအားဖြင့် –
– Storage ရဲ့ Components Information ( Power Cable လွတ်နေလား ) 
– Storage တွေရဲ့ သုံးနေတဲ့ Capacity ကကော ပြည့်လုနီးပါး ဖြစ်နေပြီလား 
– အထက်က ပြောခဲ့တဲ့ System Performance တွေက ပုံမှန်ဖြစ်နေလား အစရှိသဖြင့် Health Issues တွေကိုမြင်ပြီး Remediation လုပ်ချင်ပါသလား )
‍‍‍‍‍‍ 
အထက်ပါ Storage နဲ့ ပတ်သတ်တဲ့ Key Information တွေကို တစ်နေရာတည်းကနေ Monitoring and Analytics လုပ်နိုင်မဲ့ Free SaaS(Software-As-A-Service) လေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ သူကတော့ Dell EMC က Offer လုပ်တဲ့ CloudIQ ပဲဖြစ်ပါတယ်။
‍‍‍‍‍‍ 
CloudIQ ကတော့ အထက်ပါပြောခဲ့တဲ့ အတိုင်း ကျွန်တော်တို့ရဲ့ Storage System တွေအတွက် အရေးပါတဲ့ Information တော်တော်များများကိုလုံခြုံစိတ်ချရတဲ့ (Secure) Portal တစ်ခုကနေ မြင်တွေ့နိုင်ပါတယ်။
‍‍‍‍‍‍ 
CouldIQ ဟာ Free SaaS ဖြစ်တဲ့ အတွက် သူ့ကို အသုံးပြုဖို့ ဘာ Cost မှ မကုန်ပါဘူး။ Cloud ပေါ်မှာ ရှိတဲ့အတွက် ဘယ်နေရာကပဲဖြစ်ဖြစ် အချိန်မရွေး Access လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ Storage ထဲမှာရှိတဲ့ Data တွေအတွက်လဲ Dell EMC ကိုယ်တိုင်က Provide လုပ်ထားတဲ့ SaaS ဖြစ်တဲ့ အတွက် လုံခြုံစိတ်ချရပြီးဖြစ်ပါတယ်။ CloudIQ က Unity Storage တွေ ၊ SC Series တွေ ၊ XtremeIO နဲ့ PowerMax Storage တွေအတွက် သုံးလို့ရပါတယ်။CloudIQ ကို သုံးခြင်းအားဖြင့် ကိုယ်ရဲ့ Storage Enviroment နဲ့ ပတ်သတ်ပြီး User သိသင့်တဲ့ အဓိက အချက်တွေကို ကျစ်ကျစ်လစ်လစ်နဲ့ သိနိုင်တယ်။
‍‍‍‍‍‍ 
CloudIQ က အရင်က Histrorical Performance Data တွေကို Machine Learning ကို သုံးကာ Analyze လုပ်ပြီး Storage မှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုကို Detect လုပ်မိသည်ဖြစ်စေ ၊ အရင်က Capacity တွေကို ဘယ်လိုသုံးခဲ့တယ်ဆိုတာကြည့်ပြီး နောက်ထပ် (Future Capacity) မှာ ဘယ်လောက်ထိ တက်သွားနိုင်တယ်ဆိုတဲ့အရာတွေကို ခန့်မှန်း(Predictions) ပေးနိုင်တဲ့ Intelligent Insights ရှိပါတယ်။
‍‍‍‍‍‍ 
CloudIQ က လွန်ခဲ့တဲ့ (၂) နှစ်အချိန်အတောအတွင်းကနေ အခုအချိန်အထိ Storage နဲ့ ပတ်သတ်တဲ့ Histroical Information တွေအပေါ်မှာ Track လိုက်ပြီးမှ Analytics & Predictions တွေလုပ်ပေးပါတယ်။ CloudIQ က Real Time နဲ့ နီးစပ်တဲ့ အချိန်မှာပဲ Storage နဲ့ သက်ဆိုင်တဲ့ Issues တွေကို Email နဲ့ Alerts လုပ်ပေးတဲ့ အတွက် Users တွေအနေနဲ့က သိရှိပြီး မြန်မြန်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ 
‍‍‍‍‍‍ 
နောက်ဆုံးအနေနဲ့ ပြောချင်တာက အထက်မှာ ပြောခဲ့တဲ့ အတိုင်းပဲ CloudIQ ဟာ Storage Systems တွေကို Cost မကုန်ပဲ လွယ်လွယ်နဲ့ တစ်နေရာတည်းကနေ Monitor လုပ်နိုင်ရုံသာမက CloudIQ ရဲ့ Proactive Health Scores ကိုကြည့်ပြီး Storage Environments ရဲ့ ဖြစ်လာနိုင်တဲ့ အားနည်းချက်တွေ ၊ Issues တွေကို ကြိုတင်သိရှိပြီး လိုအပ်တဲ့ Action တွေ လုပ်နိုင်တဲ့ အတွက် Business Impact ကို လျော့ချစေနိုင်ကြောင်းပြောရင်း Article လေးကို အဆုံးသတ်ချင်ပါတယ်။ ‍‍‍‍‍‍ 

Don’t forget to share this post!