First CISCO's Gold Certified Partner

➡ မြန်မာနိုင်ငံမှာ NEX4 ဟာ CISCO ရဲ့ ပထမဆုံး Gold Certified Partner ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း American Embassy မှ Ms. Jennifer Peterson က ပြောကြားခဲ့ပါတယ်။ Ms. Jennifer Peterson က NEX4 ရဲ့ ငါးနှစ်ပြည့်ပွဲကို ဂုဏ်ယူဝမ်းမြောက်စွာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တက်ရောက်ခဲ့တဲ့ပွဲမှာ US နဲ့ Myanmar Companies တွေရဲ့ ကောင်းမွန်တဲ့ Partnership တွေကို မြင်တွေ့ရတာ အလွန်ဝမ်းသာပီတိဖြစ်ကြောင်းနဲ့ အထူးသဖြင့် Technology ပိုင်းမှာ အားကောင်းတာတွေ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။
‍‍‍‍‍‍ 
➡ US Embassy အနေနဲ့ နိုင်ငံတကာနဲ့အညီ တိုးတက်ပြောင်းလဲမှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေအတွက် အမြဲတမ်းထောက်ပံ့ပေးရန်ကြိုးစားနေကြောင်း။
‍‍‍‍‍‍ 
➡ Indo-Pacific Strategy အရ အပိုင်းသုံးပိုင်းဖြစ်တဲ့ Infrastructure, Energy နဲ့ Digital တို့အပေါ် အလေးပေးဦးတည်ထားကြောင်း။ ထို့နောက် သူမအနေနဲ့ မြန်မာမှာ ထူးခြားပြီး အင်အားစိုက်ထုတ်နိုင်တဲ့ NEX4 Company လို စီးပွားရေး လုပ်ငန်းကိုမြင်ရကြောင်း။ မြန်မာနိုင်ငံအတွက် အသစ်သစ်တွေ ဖြစ်တဲ့ Technology Solution တွေကို Partner ဖြစ်တဲ့ NEX4 နဲ့ အတူ သယ်ဆောင်လာနိုင်တဲ့အတွက် ဝမ်းသာကြောင်း။
‍‍‍‍‍‍ 
➡ NEX4 နဲ့ CISCO ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေ အတွက် အရည်အသွေးမြင့်တဲ့ လုပ်ငန်းတွေ၊ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေ နှင့် အရည်အသွေးမြင့် ရင်းနှီးမြုပ်နှံမှုတွေ သယ်ဆောင်လာပေးတာကို မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း။
‍‍‍‍‍‍ 
➡ နောက်ပြီး US Embassy မှာ အလုပ်လုပ်ရတာကို စိတ်အားထက်သန်ခဲ့ပါတယ်။ CISCO ဟာ US-ASEAN Smart City Partnership မှာ ကျယ်ပြန့်လာပြီး NEX4 က သူတို့နဲ့အတူတူ အလုပ်လုပ်လာပြီး နောက်ထပ် နည်းပညာ အသစ်တွေကို ရှာဖွေပြီး အထောက်အပံ့ ပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံမှာ NEX4 အနေနဲ့ CISCO ရဲ့ ပထမဆုံး Gold Certified Partner ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း၊ သူမအနေနဲ့ NEX4 ဟာ အနာဂတ်မှာ အောင်မြင်သော စီးပွားရေး လုပ်ငန်းများရှိလာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

Don’t forget to share this post!