Software Defined Data Center and ACI

ယနေ့ခေတ်မှာ Data Center တွေဟာ Software Defined Data Center ဘက်ကို ဦးတည်လာပါတယ်။ Software Defined Data Center တည်ဆောက်မယ်ဆိုရင် Software Defined Storage, Software Defined Network နဲ့ Software Defined Data Center တို့ပါဝင်ပါတယ်။ ဘာကြောင့် Organization တွေက Software Defined တွေဆီ ဦးတည်နေကြသလဲ? အဓိက ကြောင်းပြချက်ကတော့ Data Center တွေကို Automatically ကောင်းကောင်း ထိန်းချုပ်ချင်တာကြောင့် ဖြစ်တယ်။ ဆိုလိုတာကတော့ Hardware Configuration တွေကိုလဲ Intelligent ဖြစ်တဲ့ Software System တွေနဲ့ ပြုပြင်ခြင်းဖြစ်ပါတယ်။ Software Defined Data Center မှာ SDN (Software Defined Network) ကလဲ မရှိမဖြစ်လိုအပ်ပါတယ်။
‍‍‍‍‍‍ 
CISCO Product မှာ ACI လို့ခေါ်တဲ့ Software Defined Network Solution ရှိပါတယ်။ ဒီအကြောင်းလေးကို အောက်မှာ ဆက်လက်ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ 
‍‍‍‍‍‍ 
➡️ ACI (Application Centric Infrastructure) ဆိုတာ Software နဲ့ Hardware ကို Performance ကောင်းကောင်းနဲ့ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ 
‍‍‍‍‍‍ 
Traditional Data Center တွေမှာ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ ဥပမာ-မူလ Network Infra ရဲ့ Design ကို ပြုပြင်ပြောင်းလဲဖို့က ခက်ခဲတယ်။ ကျွန်တော်တို့က Application အသစ် တစ်ခုကို အသုံးချ ပြုလုပ်မယ်ဆိုရင် နဂို Network Design, Network Setting တွေပေါ်မှာပဲ စဉ်းစားလို့ရတယ်။ ဒီအကြောင်းအရာက Traditional Data Center တွေရဲ့ ကန့်သတ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ 
‍‍‍‍‍‍ 
ACI ကို အသုံးပြုခြင်းဖြင့် ၎င်း အခက်အခဲတွေဖြစ်တဲ့ ကန့်သတ်ချက်တွေအားလုံးကို ဖြေရှင်းနိုင်ပါတယ်။ Data Center (DC) တစ်ခုထဲမှာပဲဖြစ်ဖြစ် DC နဲ့ DR နှစ်ခုမှာဖြစ်ဖြစ်, ACI က Server တွေ Network တွေရဲ့ policy ကို Define လုပ်နိုင်ပါတယ်။ ထို့အပြင် ACI Technology အနေနဲ့ တစ်နေရာထဲမှ Management လုပ်နိုင်ခြင်း၊ Health Monitoring နှင့် Troubleshoot တွေကိုလဲ Support ပေးပါတယ်။ ACI အသုံးပြုထားရင် ကျွန်တော်တို့တွေဟာ Network Design ကန့်သတ်ချက်တွေ နဲ့ လိုက်ညှိနေစရာမလိုတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ Application Centric Infrastructure ဆိုတဲ့ ခေါင်းစဉ်အရ Application Server တွေကြားမှာ Firewall တွေ Load Balancer တွေကို အလွယ်တကူ ထပ်ပြီးထည့်နိုင်တယ်၊ အလွယ်တကူလဲ ပြန်ဖယ်ထုတ်နိုင်ပါတယ်။
‍‍‍‍‍‍ 
ACI မှာ ဘာ Component တွေ ပါလဲဆိုရင် 
‍‍‍‍‍‍ 
1️⃣ APIC Controller
‍‍‍‍‍‍ 
2️⃣ Leaf Switch (Nexus 9300 series)
‍‍‍‍‍‍ 
3️⃣ Spine Switch (Nexus 9300 series)‍‍‍‍‍ စသည်ဖြင့် ပါရှိပါတယ်။
‍‍‍‍‍‍ 
➡️ ACI ရဲ့ အဓိက Component ဖြစ်တဲ့ APIC Controller မှာ နှစ်မျိုးရှိပါတယ်။ Physical APIC နဲ့ Cloud APIC Appliance တို့ဖြစ်ပါတယ်။ Physical APIC ကတော့ APIC Image ကို UCS Rack Server ပေါ်မှာ Install လုပ်ထားတာဖြစ်တယ်။ Cloud APIC Appliance ကတော့ ACI ကို Public Cloud တစ်ခုခု အပေါ်မှာ Run ထားတာဖြစ်ပါတယိ။ အဓိက လုပ်ဆောင်ချက်ကတော့ APIC Fabric ပေါ်မှာ Manage လုပ်နိုင်အောင်၊ Automation လုပ်နိုင်အောင်နှင့် Policy တွေကို သတ်မှတ်နိုင်အောင် ဖြစ်ပါတယ်။ ဒါ့အပြင် ACI Fabric တွေကို စောင့်ကြည့်နိုင်ဖို့လဲ ပါဝင်ပါတယ်။ APIC Controller ကို Cluster ဖွဲ့ထားပြီး အပို ရအောင်လုပ်ထားနိုင်ပါတယ်။ APIC က Control Plane မဟုတ်သလို Data Plane လဲ မဟုတ်ပါဘူး။ Policy Control ဆိုပြီးတော့ပဲ သတ်မှတ်ကြပါတယ်။
‍‍‍‍‍‍ 
Leaf Switches တွေက Spine Switches တွေနဲ့ ချိတ်ဆက်မှုတွေရှိပါတယ်။ Leaf Switch အချင်းချင်း Spine Switch အချင်းချင်း ချိတ်ဆက်ဖို့အတွက် မလိုအပ်ပါဘူး။ APIC Controller နဲ့ End Device တွေ က Leaf Switch ကို လာချိတ်ပါမယ်။ Spine Switch တွေက Traffic တွေက Leaf Switch ကို Pass လုပ်ပေးနေပါမယ်။ ဒါကြောင့် ACI Infra မှာဆိုရင် အရင် Traditional Data Center တွေတုန်းကလို Switch တွေအများကြီး မလိုအပ်တော့ပါဘူး။ 
‍‍‍‍‍‍ 
အကျဉ်းချုပ်ပြောရရင် Business တွေ တိုးတက်ကြီးမားလာတဲ့အချိန်မှာ Application Downtime နည်းဖို့က အရေးကြီးလာပါတယ်။ Deploy လုပ်တာတွေ Management နဲ့ Monitoring လုပ်တာတွေ ကလဲ မြန်မြန်နဲ့ လွယ်လွယ်ကူကူ ဖြစ်နေဖို့လိုပါတယ်။ Software Defined Network ကို အသုံးပြုခြင်းဖြင့် Data Center တွေအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။‍‍‍‍‍

Don’t forget to share this post!