Network Monitoring Tools

ဒီနေ့.Article မှာတော့ Network Operation Center (NOC) တွေအတွက်အရေးပါတဲ့ Network Monitoring Tools တွေအကြောင်းပြောပြပေးသွားမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
Network Monitoring Tools တွေကို Banking, Enterprise, Telecom စတဲ့ Sector တိုင်းမှာ အသုံး ပြုကြပါတယ်။ ဒီ Sector တစ်ခုချင်းစီမှာ Network Monitoring Tools တွေကို ဘာ့ကြောင့် အသုံး ပြုနေကြလဲဆိုတာ ပြောပြပါမယ်။
‍‍‍‍‍‍
➡ Banking Sector တွေမှာ Branch To Branch သွားတဲ့ Link Up/Down အေ ခြအနေ ၊ Network Device Utilization တွေကိုလိုအပ်တာ ထက်ပိုသုံးနေလား ၊ Service Usage တွေအရမ်းများလို့ Link Bandwidth တွေ ထပ်တိုး ဖို့လိုအပ်နေပြီလား ဆိုတာတွေကိုသိနေဖို့အရေးကြီးပါတယ်။ Banking Network Condition ပာာ Downtime မရှိ ကောင်းမွန်နေမှသာ Banks Users တွေ ဘက်က ယုံကြည် အားထားမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
➡ Telcom Network တွေ ပာာ Reliable Network ရဖို့ ၊ Users တွေအတွက် Internet Service ကို 24/7 ပေးနိုင် ဖို့ နဲ့ ၊ Network Issue တစ်ခုခု ဖြစ် လာပြီ ဆိုရင်လဲ ဖြေရှင်းရလွယ် အောင် Network Monitoring Tools တွေကို အသုံးပြုကြပါတယ်။
‍‍‍‍‍‍
➡ Enterprise Network တွေမှာဆိုရင်လဲ Network ထဲက Users တွေ File Server , Mail Server, Internet စတဲ့ Internal/External Service တွေကို Downtime မရှိဘဲ အသုံး ပြုနိုင် ဖို့ ကိုယ့် Organization Network ရဲ့ အခြေအနေကို Monitoring လုပ်နေဖို့လိုအပ်ပါတယ်။
‍‍‍‍‍‍
Network Monitoring Tools များစွာထဲ မှာမှ Market ထဲမှာ Users တွေ အသုံး ပြု အများဆုံး Commercial Tools တွေနဲ့ တခြား Open-Source အသုံး ပြုချင်သူ User တွေ အတွက် Opensource Tool အကြောင်းကို ပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဆက်လေ့လာကြည့်ပါမယ်။
‍‍‍‍‍‍
➡ SolarWinds Network Performance Monitor
ဒီ Tool ကတော့ Commercial Tool တစ်ခု ဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ Modules အလိုက် ပိုက်ဆံပေးရမှာပဲ ဖြစ်ပါတယ်။ SolarWinds က အချိန်သိပ် မကုန်ပဲ Setup လုပ်ရတာလွယ်တယ်။ သူရဲ့ အားသာ ချက်တစ်ခု က Setup လုပ်ပြီး တစ်နာရီ တွင်းမှာ Network Devices တွေကို Automatically ရှာ ဖွေပေးနိုင် ခြင်း ဖြစ်ပါတယ်။ တခြား OEM Vendor တွေရဲ့ Devices တော်တော် များများကို Support ပေးနိုင်ပါတယ်။ Network Performance တစ်ခုခု Issue ဖြစ် ပြီဆိုရင် Issue ဖြစ်တဲ့ Network လမ်းကြောင်းကို Visualization အနေနဲ့ မြန် မြန်ဆန်ဆန်ထောက် ပြ ပေးနိုင်တဲ့ Feature ပါဝင်ပါတယ်။ ဒီတော့ Issues တစ်ခုခု ဖြစ်ရင် ပြန်ပြီး Track လိုက်ဖို့ ပိုပြီးအဆင်ေ ပြပါတယ်။ SolarWinds ရဲ့ Dashboard View တွေပာာဆိုရင် Network Engineer တစ်ယောက် အနေနဲ့ စိတ် တိုင်းကြိုက် Topology Design ထည့်နိုင် ခြင်း၊ Dashboard ထဲ က Metrics တွေကိုကြိုက်သလို ပြင်ဆင်နိုင် ခြင်း၊ Customized Alerts တွေကို ပြုလုပ်နိုင် ခြင်းစတဲ့ Flexible Features တွေကြောင့် Organization တွေ အသုံးများနေကြတာပဲ ဖြစ်ပါတယ်။
‍‍‍‍‍‍
➡ SevOne
SevOne က Hardware Appliance Based ဖြစ်ပါတယ်။ Initial Setup နဲ့ Device Discovery မှာ SolarWinds NPM နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Monitor လုပ်နိုင်စွမ်း ဧရိယာ ကတော့ Solarwinds NPM ထက် ပိုပါတယ်။ SNMP, ICMP, WMI Protocol တွေ အ ပြင် Netflow, VM Monitoring , HTTP, JMX, IP Telephony( VoIP), Cisco CallManager, Mediant, DNS, IP SLA, IPFIX, MySQL စသ ဖြင့် Protocol တော် တော် များ များ နဲ့ အလုပ်လုပ်နိုင်တာတွေ့ရပါတယ်။ နောက် တစ်ခု က Trend Prediction အပိုင်း တွေ ဖြစ်တဲ့ ဖြစ်လာနိုင်ချေ အများဆုံး Utilization ကို ခန့်မှန်း ပေးနိုင် ခြင်း၊ Upgrades လုပ်ရမယ့်အချိန် တွေကို တွက်ချက်ပေးနိုင် ခြင်း စတဲ့ Prediction အ ပိုင်းတွေ ပါဝင်ပါတယ်။ SevOne ကို Free Download ရယူပြီး အချိန် အကန့်အသတ်မ ရှိစမ်း သုံးကြည့် လို့ရပါတယ်။ Free Version မှာတော့ Netflow Capability ကို ရမှာ မပာုတ်ပါဘူး။ SevOne က 1000 Nodes ပေါ် မူတည်ပြီး ဈေး အနည်းအများ ကွာ သွား ခြင်း ဖြစ်ပါတယ်။
‍‍‍‍‍‍
➡ Zabbix
Zabbix က Open-Source Monitoring Tool တစ်ခု ဖြစ်ပါတယ်။ သူက သုံးရတာ လွယ်ကူပြီး Network Metrics တွေ ကိုအပြည့် အဝ Configure လုပ်နိုင်တဲ့ Device Configuration Template တော်တော် များများပါ ဝင်ပါတယ်။ Zabbix ရဲ့ အားသာချက် တစ်ခုက Proactive Network Monitoring လုပ်နိုင် ခြင်းပဲ ဖြစ်ပါတယ်။ History Data Analysis တွေကို အေ ခြခံပြီး Network Downtime တွေ ၊ Bandwidth Usage နဲ့ Network Load တွေထဲမှာ ပုံမှန် မပာုတ်တဲ့ Usage Anomaly တွေကို ပြ ပေးနိုင်ပါတယ်။
‍‍‍‍‍‍
Zabbix ပာာ Open-Source ဖြစ်တဲ့ အတွက်ကြောင့် တကမ္ဘာ လုံးမှာ Active User Community တွေရှိပါတယ်။ Documentation အပိုင်းလဲ လေ့လာရလွယ်ကူပါတယ်။
Zabbix ရဲ့ အားနည်း ချက်ကတော့ SMB Network တွေတွက် Nodes ၁၀၀၀ အောက်ပဲ အဆင် ပြေပါတယ်။ ၁၀၀၀ ထက်ကျော် သွားမယ်ဆိုရင် Zabbix Systemပာာ Performance ပိုင်းကျပြီး နှေးလာနိုင်ပါတယ်။ Zabbix မှာ တချို့ Device Metrics တွေရဲ့ Customized Template တွေကို Support Services အနေနဲ့ ဝယ် ယူလို့ရပါတယ်။
‍‍‍‍‍‍
➡ Summary
SolarWinds နဲ့ Sevone ပာာ ဆိုရင် Gartner 2019 January Market Analysis အရ Challenger နဲ့ Visionaries အပိုင်းတွေမှာရပ်တည်နေတာ ဖြစ်ပါတယ်။ Zabbix Network Monitoring Tool ကလဲ Open Source Product အနေနဲ့ Users တော်တော် များများသုံးစွဲနေဆဲဖြစ်ပါတယ်။ သုံးစွဲနိုင်တဲ့ Budget, Monitoring လုပ်မယ့် Devices အရေအတွက်, Network Monitoring Tool တစ်ခု ချင်းစီရဲ့ Customized လုပ် ဖို့ လွယ် ကူတဲ့ Feature စတဲ့ ကိုယ့် Organization ရဲ့ Business Requirements တွေ ပေါ် မူတည်ပြီး သင့်လျော်တဲ့ Network Monitoring Tools ကို ရွေးချယ် သင့်ပါတယ်လို့ အကြံ ပြု လိုပါတယ်။

Don’t forget to share this post!