SD WAN Part (4)

➡ SD-WAN ရဲ့ နောက်ဆုံးအပိုင်း ဖြစ်တဲ့ SD-WAN ရဲ့ အကျိုး ကျေးဇူးများ အကြောင်းကို အခုဆောင်းပါးထဲမှာ ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။ SD-WAN ရဲ့ အဓိက အကျိုး ကျေး ဇူး (၆) ခု ကို တစ်ချက်ချင်း စီ ရှင်း ပြပေးသွားပါမယ်။
‍‍‍‍‍‍
1️⃣ Agility
Agility ဆိုတဲ့ အဓိပ္ပါယ်အတိုင်း SD-WAN network မှာ WAN link တွေရဲ့ bandwidth တိုးတာတွေကို အလွယ်တကူ လုပ်ဆောင်လို့ရပါတယ်။ SD-WAN ပာာ Zero-Touch Deployment ကိုပါ စဉ်စီပေးထားတဲ့အတွက်ကြောင့် Engineer တစ်ယောက်ပာာ Branch Site ထိ သွားစရာမလိုတော့ဘဲ Cloud ကနေသာ Branch Site Up ဖြစ်စဉ်ကို Deploy လုပ်လိုက်ရုံပါပဲ။
‍‍‍‍‍‍
2️⃣ Cost Reduce
SD-WAN မှာ Operations တွေကို Centralized Management Cloud ကနေ Deploy လုပ်ရုံပဲ ဖြစ်တဲ့ အတွက် Engineer တွေအများကြီး Assign ချရတဲ့ Operation Cost ကို သက်သာစေပါတယ်။ ပုံမှန် Traditional Network မှာဆိုရင် Branch Site တစ်ခု ချင်းစီအတွက် Console ကြိုးတွေဝယ်ရမယ်။ Sd-Wan Technology မှာဆိုရင် Branch Site ၅၀၀ ရှိလဲ ဒီ Site ၅၀၀ လုံးကို Centralized Management Dashboard ကနေ Configure လုပ်ရုံပဲ ဆိုတော့ Console ကြိုးဝယ်ရတဲ့ Cost တွေကိုလဲ လျော့ချပေးနိုင်ပါတယ်။
‍‍‍‍‍‍
3️⃣ Security
SD-WAN Technology မှာ Site-to-Site သွားနေတဲ့ Traffic တွေကို IPSec သုံးပြီး Encryption လုပ်ထားပေးပါတယ်။ ဒါ့အပြင် Encryption Key တွေကို လူတွေကိုယ်တိုင် ရိုက်ထည့် စရာမလိုဘဲ အချိန်နဲ့ သတ်မှတ်ပြီး Rekey Changes တွေ လုပ် ခြင်း ဖြင့် Security ပိုင်းကို Strong ဖြစ်အောင် ပြု လုပ်ပေးထားပါတယ်။
‍‍‍‍‍‍
4️⃣ Reliability
ပုံမှန်အား ဖြင့် WAN link တွေကို Internet link, 3G /4G, MPLS link တွေဆိုပြီး တွေ့ရတတ်ပါတယ်။ Internet link တွေက SLA Service မပေးနိုင်တဲ့ အတွက်ကြောင့် Traditional Networkတွေ မှာ Reliability ရဖို့ MPLS Link တွေကို ဈေးကြီး ပေးဝယ်ပြီး အသုံး ပြု ရပါတယ်။ SD-WAN သုံးမယ် ဆိုရင်တော့ Link Load-Balancing Feature ကိုအသုံး ပြုနိုင်မယ်။ နောက်ထပ် Link Auto Failure အပိုင်းကိုလဲ Tftp Protocol နဲ့ Link Monitoring လုပ်ပေးနေတဲ့အတွက်ကြောင့် Reliability ကို အ ပြည့် အဝ ပေးနိုင်ပါတယ်။ ဒီတော့ Traditional Network တွေမှာ Reliability ရဖို့ MPLS Link တွေကို ဈေးကြီး ပေးဝယ်ပြီး သုံးမဲ့အစား SD-WAN Technology မှာ Internet ၄ Link သာ ဝယ်လိုက် ခြင်းက ဈေးသက်သာတဲ့ အ ပြင် Reliability ကလဲ MPLS နဲ့ တန်းတူ ရနိုင်ပါတယ်။
‍‍‍‍‍‍
5️⃣ Performance
SD-WAN က Available ဖြစ်တဲ့ Link တွေအကုန်လုံးကို Load-Balancing လုပ်ပေးထားတဲ့ အတွက်ကြောင့် Bandwidth တိုးတက် လာခြင်း ၊ Performance ကောင်းလာ ခြင်းဆိုတဲ့ အကျိုး ကျေးဇူးကို ပေးနိုင်ပါတယ်။
‍‍‍‍‍‍
6️⃣ Security Feature
SD-WAN Technology ထဲမှာ Application Firewall, IPS, URL-Filtering နဲ့ DNS Security စတဲ့ Features တွေကို ပေါင်းစပ်လာတာ တွေ့ရပါတယ်။ ဒီတော့ Branch Site တွေမှာ Firewall တစ်လုံးသီးသန့် ဝယ်နေစရာမလိုတော့ဘဲ SD-WAN ထဲကနေပဲ လိုအပ်တဲ့ Security Feature တွေကို အသုံး ပြုလို့ရနိုင်ပါတယ်။
‍‍‍‍‍‍
➡ SD-WAN ရဲ့ Benefits တွေပာာ Reliability And Cost Reducing အ ပိုင်းကို ဦးတည်သွားနေတာပဲ ဖြစ်ပါတယ်။ Traditional Network မှာ ငွေကုန်ကြေးကျ အများဆုံး ဖြစ်တဲ့ အခြေအနေတွေမှာ SD-WAN Technology ကို ပြောင်းလဲ အသုံး ပြု ခြင်း ဖြင့် Operation Cost ကို လျော့ချပြီး ပိုမို ကောင်းမွန်တဲ့ Reliability ကို ရရှိနိုင်ကြောင်း အကြံ ပြု ရင်း နိဂုံးချုပ် လိုက်ပါတယ်။
‍‍‍‍‍‍
NEX4 အနေနဲ့ SD-WAN Features တိုင်းကို Configure လုပ်ရာတွင် ကျွမ်းကျင် နည်းပညာရှင်တွေနဲ့ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ထို့အပြင် Users တွေ Admins တွေအတွက် awareness ရှိပြီး ပိုမိုလွယ်ကူအောင် Trainings တွေကိုလဲ NEX4 ဘက်မှ ဆောင်ရွက်ပေးနေပါတယ်။

Don’t forget to share this post!