NEX4 5 Year Anniversary

Customers တွေအတွက် အကောင်းဆုံး ICT ဝန်ဆောင်မှုတွေနဲ့ ရပ်တည်ခဲ့တဲ့ NEX4 ရဲ့ (၅) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ၂၀၁၉ ခုနှစ် မတ်လ (၁၄) ရက်နေ့က Lotte Hotel Yangon မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ Cisco Myanmar မှ ကို ရန်နိုင်အောင်မှ Business Software-Defined WAN ခေါင်းစဉ်ဖြင့် ပြောကြားသွားခဲ့ပါတယ်။
‍‍‍‍‍‍
အစပိုင်းမှာတော့ ကိုရန်နိုင်အောင်ဟာ ပုံမှန် Traditional WAN Networks တွေမှာကြုံတွေ့နေကျ အခက်အခဲတွေဖြစ်တဲ့ Site တစ်ခုနဲ့ တစ်ခုကြား IpSec Tunnel ထိုးဖို့အတွက် Manually Configuration လုပ်ရတဲ့ အပိုင်းတွေ ၊ WAN Links တွေအတွက် ဈေးကြီးတဲ့ MPLS Circuts တွေ နဲ့ Private Circuits တွေကို ဝယ်ပြီး Redundancy ထားရတာတွေ အကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။ ထို Traditional WAN Networks တွေမှာ တွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့် WAN Infrastructure ကို Automation နဲ့ Manage လုပ်နိုင်တဲ့ Software-Defined WAN (SD-WAN) အကြောင်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။
‍‍‍‍‍‍
ထိုနောက်မှာတော့ ကိုရန်နိုင်အောင်ဟာ Business တွေမှာ
‍‍‍‍‍‍
1️⃣ SD-WAN ကို သုံးပြီး WAN Links တွေကို Active/Stand by အစား Load Balancing လုပ်ပြီး WAN Cost ကို လျှော့ချနိုင်ကြောင်း ၊
‍‍‍‍‍‍
2️⃣ 3G ၊ 4G ၊ LTE အစရှိသဖြင့် မည်သည့် Transport Network အမျိုးအစားပေါ်မှာ မဆို SD-WAN ကို Implement လုပ်နိုင်ကြောင်း ၊
‍‍‍‍‍‍
3️⃣ SD-WAN ကိုသုံးခြင်းအားဖြင့် WAN Links တွေ ပေါ်မှာ သွားနေတဲ့ Traffic တွေက Microsoft Application Traffic လား သို့မဟုတ် Office Application Traffic လား စသည်ဖြင့် SD-WAN Application Awareness ရှိကြောင်း နှင့်
‍‍‍‍‍‍
4️⃣ SD-WAN ကို Network Administrator က Single Glass Of Pane ကနေ Control & Manage လုပ်နိုင်ကြောင်း အစရှိသဖြင့် SD-WAN ရဲ့ ကောင်းကျိုးများကို တင်ပြသွားပါတယ်။
‍‍‍‍‍‍
ဒါ့အပြင် SD-WAN Infrastructure ကို ဆောက်မယ်ဆိုရင် ရွေးချယ်လို့ရတဲ့ Cisco Appliances တွေနဲ့ Cloud တွေကို Present လုပ်သွားခဲ့ပါတယ်။
‍‍‍‍‍‍
ဒါတွေရဲ့နောက်မှာတော့ ကိုရန်နိုင်အောင်က နောက် (၂) နှစ်အတွင်းမှာ Businesses တွေမှာ ပိုမိုအကျိုးဖြစ်ထွန်းစေဖို့အတွက် Cisco မှ Software-Define Networking (SDN) Solutions တွေအကုန်လုံးကို Single Pane ကနေ Manage လုပ်နိုင်မယ်ဆိုတဲ့ အကြောင်းကို ပြောကြားသွားခဲ့ပါတယ်။
‍‍‍‍‍‍
နောက်ဆုံးမိနစ်တွေမှာတော့ သူဟာ SD-WAN ရဲ့ Architecture အကြောင်းကို ရှင်းပြခဲ့ပြီးတော့ SD-WAN ရဲ့ Roles နဲ့ Responsibilities တွေကို တင်ပြသွားပြီး SD-WAN Section ကို အဆုံးသတ်ခဲ့ပါတယ်။

Don’t forget to share this post!