SD WAN Part (1)

SD-WAN နည်းပညာဆိုတာ ဘာလဲ ဆိုတာ မပြောပြခင် ပုံမှန် Traditional WAN Networks တွေမှာ ရှိတဲ့ အခက်အခဲတွေအကြောင်းကို စပြီး ရှင်းပြချင်ပါတယ်။ဘယ် Organizationမှာ မဆို ကိုုယ့်ရဲ့ Data Center သို့မဟုတ် Cloud ပေါ်မှာရှိတဲ့ Services တွေကို Branches သို့မဟုတ် Location အမျိုးမျိုးမှာ ရှိနေတဲ့ Users တွေအနေနဲ့ Perfomance ကောင်းကောင်းနဲ့ မြန်မြန်ဆန်ဆန် Access လုပ်နိုင်ဖို့ဆိုရင် WAN Links တွေမှာ Bandwidth ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ အရင် Tranditional မှာဆိုရင် Datacenter နဲ့ Branches တွေကြား ဒါမှမဟုတ် Branches အချင်းချင်းကြား၊တစ်နည်းအားဖြင့် WAN Links တွေပေါ်မှာ Data Transmission အတွက် Secure ဖြစ်အောင် MPLS Circuits တွေ ၊ Private Circuits တွေကို စျေးကြီးပေးပြီး ဝယ်သုံးရပါတယ်။ ဒါ့အပြင် Redundancy အတွက် WAN Link တွေကို Links နှစ်ခု သို့မဟုတ် နှစ်ခု ထက်  ပိုပြီး ထားကြတယ်။ ဒါပေမဲ့ ထို WAN Links တွေက Load Balancing မလုပ်ဘူး။ Primary WAN Link က အလုပ်လုပ်နေချိန်ဆို တခြား WAN Link က Backup အနေနဲ့ပဲ ရှိနေမှာဖြစ်တယ်။ဒါကတော့ Traditional WAN Networks တွေမှာ တွေ့ရတဲ့ မကောင်းတဲ့ အချက်တစ်ခုပေါ့။ နောက်ထပ်မကောင်းတဲ့ အချက်တစ်ခုအနေနဲ့က ဒီ WAN Link တွေပေါ်မှာ Application တွေက လိုအပ်တဲ့ Bandwidth တို့ Latency တို့နဲ့ သွားနေလားဆိုတာကို မြင်သာမှု (Visibility) မရှိပါဘူး။ ထပ်ပြီးတော့ Traditional မှာဆိုရင် Control Plane ၊ Management Plane နဲ့ Data Plane တွေက ကို်ယ့်ရဲ့ Device တစ်ခုအောက်မှာ အတူရှိကြတယ်။ ဆိုလိုတာက Device သို့မဟုတ် Router တစ်ခုချင်းစီက သူတို့ရဲ့ Neighbours တွေ၊ ဘယ် Branches သိုမဟုတ် Sites တွေနဲ့ Tunnel Up ထားသလဲ အစရှိတဲ့ Information တွေကို Box တစ်ခုထဲမှာ သိမ်းဆည်းထားရတယ်။ Sites တစ်ရာ ရှိရင် Device တစ်ခုချင်းစီက Sites တစ်ရာစာလုံးနဲ့ ပတ်သတ်တဲ့ Information တွေကို သိမ်းထားရတယ်။ ဒါ့ကြောင့် Network ရဲ့ Infrastructure View ဘက်ကကြည့်မယ်ဆိုရင်လဲ ကိုယ့် Network က Fully Mesh သို့မဟုတ် Partical Mesh Topology တစ်ခုခု ကို သုံးထားတဲ့ အခါ Control တွေ Manage တွေလုပ်ရတာ ရှုတ်ထွေး (Complex) လာမယ်။ Infrastructure ကို ကိုင်တွယ်ဖို့ ဆိုရင်လည်း Skill ကောင်းကောင်းရှိတဲ့ Network Administrator တွေကို Site တစ်ခု ချင်းစီမှာ ထားရတဲ့ အတွက် Cost အရလဲ ကုန်ကျမှုများတယ်။ ပြီးတော့ Router သို့မဟုတ် Device တစ်ခုခုရဲ့ Control Plane မှာ Issue တစ်ခုခု ရှိခဲ့တယ်ဆိုရင် အဆိုပါ Device ကို Reboot ချဖို့လိုလာမယ်။ Control Plane ၊ Management Plane ၊ Data Plane တွေက ဒီ Router ထဲမှာ အတူရှိနေတဲ့ အတွက် Router ကို Reboot ချတဲ့ အခါမှာ Data Plane ဖြစ်တဲ့ Production Traffic ပါ Impact ရှိတယ်။ဒါတွေကတော့ ပုံမှန် Traditional WAN Networks တွေမှာတွေ့ရတဲ့ အခက်အခဲတွေပါ။

‍‍‍‍‍‍အပေါ်က အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ The Best Solution ကတော့ SD-WAN နည်းပညာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Organization မှာ SD-WAN ကို သုံးလိုက်ခြင်းအားဖြင့် Redundancy အတွက် ထားတဲ့ WAN Links တွေပေါ်မှာ Band width ၊ Latency တို့ ကို Sensitive ဖြစ်တဲ့ Application တွေက သူ့တို့ရဲ့ လိုအပ်ချက်နဲ့ ကို်က်ညီမှုရှိတဲ့ WAN Link ကို ရွေးချယ်ပြီး Load-Balancing နဲ့သွားမှာ ဖြစ်ပါတယ်။ Service Level Agreement အရ ကြည့်မယ်ဆိုရင်လည်း Application တွေက ဘယ်လောက် Latency တွေ ၊ Bandwidth တွေနဲ့ ဒီ WAN Links တွေ ပေါ်မှာ Traffic တွေ သွားနေလဲဆိုတာကို Fully Visibility ရှိပါတယ်။ SD-WAN မှာကျတော့ Control Plane Layer ၊ Management Plane Layer နဲ့ Data Plane Layer ဆိုပြီး Layers သုံးခုခွဲထားတဲ့ အတွက်ကြောင့် ကိုယ့် Network Infrastructure က ဘာ Topology ပဲ သုံးသုံး Device သို့မဟုတ် Router တစ်ခုချင်းစီက သူ့တို့ရဲ့ Neighbors တွေ ဘယ် Sites တွေနဲ့ Tunnel Up တဲ့ Information တွေကို Controller နဲ့ ပဲ Exchange လုပ်ရုံပါပဲ။ Controller ကနေပဲ Sites တွေအကုန်လုံးအတွက် Centralized Management လုပ်တာကြောင့် Complex လဲ မဖြစ်သလို Sites တိုင်းမှာလဲ Skillful ဖြစ်တဲ့ Network Admin တွေကို ထားပေးစရာမလိုတော့ပါဘူး။ Management Level ကလူတွေ အနေနဲ့ ကြည့်မယ်ဆိုရင်လည်း Cost အနေအထားအရ သက်သာသွားပါတယ်။ပြီးတော့ Control Plane မှာ Issue တစ်ခုခု တက်ခဲ့ရင်တောင် Layer သက်သက်စီဖြစ်တဲ့ Controller ကိုပဲ Reboot ချမှာ ဖြစ်တဲ့ အတွက် Data Plane ဖြစ်တဲ့ Production Traffic မှာ Impact မရှိပါဘူး။ ဒါတွေကတော့ SD-WAN ကို သုံးခြင်းအာဖြင့် ပုံမှန် Traditional WAN Networks တွေရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

‍‍‍‍‍‍နောက်ဆုံးအနေနဲ့ SD-WAN ကို သုံးခြင်းအားဖြင့် Customer ဘက်ကကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ WAN Network ကို ရိုးရှင်းစွာနဲ့ Manage လုပ်နိုင်တယ်။ ပြီးတော့ WAN Operations တွေအတွက် Cost ကို လျော့ချနိုင်ရုံသာမက ကိုယ့် Organization ရဲ့ Critical ကျတဲ့ Application တွေ WAN Links တွေပေါ်မှာ အသွားအလာကို မြင်သာစွာ နေရာတစ်ခုတည်းကနေ Monitor လုပ်နိုင်တဲ့ အကြောင်းကို ပြောရင်းနဲ့ ဒီ Article လေးကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။

Don’t forget to share this post!