Unified Communication Part(3)

အခုနောက်ပိုင်းမှာ လူတိုင်းနီးပါးဟာ Mobile Phone တွေကို ကိုင်ဆောင်လာကြတဲ့ အတွက် ပုံမှန် Traditional Way အရဆိုရင် Video Call ခေါ်ရင်းနဲ့ File တွေ Share ချင်တဲ့အခါ File Share ဖို့ Communication Application တစ်ခု ၊ Video Call အတွက် Communication Application တစ်ခုချင်းစီကို သက်သက်စီ သုံးရတယ်။ ပြီးတော့ Mobility Demand မရှိဘဲ ဒီလို Unified မဖြစ်တဲ့ Application တွေကို သုံးနေရတဲ့အခါ Users တွေ အနေနဲ့လည်း Feature တစ်ခုစီအတွက် Application တစ်ခု ကနေ တစ်ခုကို ကူးပြောင်းပြီး လုပ်နေရတဲ့အတွက် အချိန်ကုန်တာတွေ၊ အဆင်မပြေမှုတွေ    ဖြစ်နေပါတယ်။ Unified Communication (UC) လို့ခေါ်ဆိုတဲ့အတိုင်းပဲ တခြား Communication Applications တွေရဲ့ Features တွေ အကုန်လုံးကို UC Applications မှာ တစုတစည်းတည်း ရရှိနိုင်ပါတယ်။ ဆက်လက်ပြီး UC Applications တွေမှာ ဘယ်လို Features တွေ ပါသလဲဆိုတာ အောက်စာပိုဒ်မှာ လေ့လာကြည့်ပါ မယ်။

‍‍‍‍‍‍UC မှာပါတဲ့ Features တွေကတော့ Business Messaging၊ Present Indicator၊ Video Call နဲ့ Voice Call ၊ Web Conferencing နဲ့ File Sharing ပဲဖြစ်ပါတယ်။    တခြား UC ရဲ့ သိသာတဲ့ Features တွေကတော့ Whiteboard Sharing နဲ့ Recording ပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး UC မှာပါဝင်တဲ့ Feature ဖြစ်တဲ့ Business Messaging ရဲ့ ကောင်းတဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ့်ရုံးမှာ Project တစ်ခုကို စလုပ်လိုက်တယ်ဆိုရင် ဒီ Project နဲ့သက်ဆိုင်တဲ့ Project Manager တွေ Engineers တွေ Account Manager တွေ အစရှိတဲ့ လူတွေကို Group ဖွဲ့လိုက်ပါတယ်။ ပြီးတော့ အချိန်နဲ့တပြေးညီ Project ရဲ့ Information တွေကို ဒီ Group ထဲမှာပဲ Update လုပ်နေရင်းက Project က ဘယ်လောက်ထိ ပြီးစီးနေလဲ ဆိုတာ လူတိုင်းက သိနိုင်ကြပါတယ်။ အချိန်နဲ့တပြေးညီ မှာပဲ Project နဲ့ ပတ်သတ်ပြီး တစ်ဦးနဲ့ တစ်ဦး Communicate လုပ်ပြီး Response Time လဲ မြန်စေတဲ့ အတွက် Project Tasks တွေကို မြန်မြန် Process လုပ်နိုင်ပါတယ်။ ပုံမှန် Email မှာဆိုရင်တော့ Formal ကျကျတွေ ရေးနေရတဲ့အတွက် Real-Time Communication မဖြစ်ပါဘူး။    ပြီးတော့ Project နဲ့ သက်ဆိုင်တဲ့ File တွေ Document တွေ ဒီ Group ထဲမှာပဲ Share ထားကြမယ်။ Project ပြီးသွားမယ်ဆိုရင်တောင် Project နဲ့ သက်ဆိုင်တဲ့ File တွေ Document တွေက ဒီ Group ကနေ တစုတစည်းတည်း ပြန်ရနိုင်ပါတယ်။ Email မှာဆိုရင်တော့ တစုတစည်းတည်း ရနိုင်ဖို့အတွက် ပြန်ရှာရတာ အခက်အခဲ ရှိနေနိုင်ပါ တယ်။

‍‍‍‍‍‍နောက် UCရဲ့ Feature တစ်ခုအနေနဲ့ Present Indicator ကတော့ ကိုယ် Communicate လုပ်ချင်တဲ့ သူက Busy ဖြစ်နေလား On Meeting လား ဒါမှမဟုတ် Available လား အစရှိတဲ့ Present State ကို Account ကိုကြည့်လိုက်ရုံနဲ့ သိစေနိုင်ပါတယ်။ တစ်ကယ်လို့ ကိုယ် Communicate လုပ်ချင်တဲ့သူက Meeting ထဲ ရောက်နေတယ်ဆိုတဲ့ Present State ကို Account မှာ Indicate လုပ်ထားရင် သူ့ကို အနှောက်အယှက်ဖြစ်စေမဲ့ Voice Call မလုပ်ဘဲ Message ပဲပို့ထားတာမျိုးလုပ်သင့်တာကို ကိုယ်က ဆုံးဖြတ်နိုင်ပါတယ်။

‍‍‍‍‍‍နောက်ထပ် Feature တစ်ခု အနေနဲ့ကတော့ တခါတလေမှာ Business Messaging ပို့ရင်းနဲ့ပဲ Voice Call ဒါမှမဟုတ် Video Call ခေါ်ဖို့လိုအပ်လာတယ်။ ပုံမှန် Traditional Applications အရဆိုရင် Voice Call ပြုလုပ်နိုင်တဲ့ နေရာကို သွားပြီး ခေါ်မယ့် အစား UC Application မှာ Click တစ်ချက်နဲ့ လွယ်ကူစွာ Voice Call ကို ခေါ်ဆိုနိုင်ပါတယ်။ File Share တာကလဲ ထိုနည်းအတိုင်းပဲ ဖြစ်ပါတယ်။

‍‍‍‍‍‍နောက် UC Application ရဲ့ သိသာတဲ့ Feature တစ်ခုကတော့ Whiteboard Sharing ပဲဖြစ်ပါတယ်။ ပုံမှန် Meeting တစ်ခုမှာဆိုရင် Whiteboard နဲ့ Pen ကို    သုံးပြီး Team Members တွေနဲ့ Discussion တွေ လုပ်ကြပါတယ်။ UC Application မှာလည်း Group Chat ထဲမှာ Whiteboard နဲ့ Pen ကို ယူပြီး Physical Meeting    အတိုင်း Discussion လုပ်နိုင်ပါတယ်။

‍‍‍‍‍‍နောက်ဆုံး Feature တစ်ခုအနေနဲ့ကတော့ Recording ပဲဖြစ်ပါတယ်။ ပုံမှန် Team Member တစ်ယောက်က Project အတွက် Video Conference Meeting တစ်ခု ကို အကြောင်းတစုံတရာကြောင့် မ ရောက်နိုင်တဲ့အခါ သူ့အတွက် Meeting ကို Video Recording လုပ်ထားလို့ရပါတယ်။ ဒီ Meeting နဲ့ ပတ်သတ်တဲ့ Information တွေ  ဘယ်သူက ဘယ်လိုတွေ ဆွေးနွေးသွားတယ်ဆိုတာကို သူ သိစေဖို့အတွက် Link          လေးပေးလိုက်ရုံပါပဲ။ သူက ဒီ Link လေးကနေ တဆင့် Record ကို ပြန်ကြည့်ရင်း Information တွေ ပြန်လည် သိနိုင်တဲ့ အတွက် UCရဲ့ အသုံးဝင်တဲ့feature တစ်ခုလို့ ပြောလို့ရပါတယ်။

‍‍‍‍‍‍အခုဆိုရင် UC မှာ တစုတစည်းတည်းပါဝင်တဲ့ Features တွေကို စာဖတ်သူ အနေနဲ့ သိလောက်ပြီလို့ ထင်ပါတယ်။ ဒါ့ကြောင့် UC Application လို့ပြောလိုက်တာနဲ့ ဒီ Features တွေပါဝင်နေတာဖြစ်လို့ လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုသင့်တယ်ဆိုတဲ့ အကြောင်း တိုက်တွန်းရင်း ဒီ Article အကြောင်းကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

Don’t forget to share this post!