Unified Communication Part(2)

UC နည်းပညာကို သုံးခြင်းအားဖြင့် ဘယ်လို အကျိုးတွေရနိုင်သလဲဆိုရင် ပထမ အချက်ကတော့-စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းစဉ်တွေက မြန်ဆန်စွာဆောင်ရွက်နိုင်တာပဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဟာ မနက် ၉ နာရီမှာ Project တစ်ခုအတွက် Team Members တွေနဲ့ ရုံးမှာ အစည်းအဝေးထိုင်စရာရှိတယ်။ မနက် ၁၀ နာရီ မှာတော့ သူက Customer နဲ့ Project ကိစ္စအတွက် ချိန်းဆိုမှု တစ်ခု ရှိတယ်။ ဒီတော့ မနက် ၉ နာရီမှာ အစည်းအဝေးအတွက် ရုံးကို လာရင်တောင်မှ Customer နဲ့ ချိန်းဆိုမှုကို ၁၀ နာရီအရောက်သွားနိုင်ဖို့ ရုံးကနေ ကြိုထွက်မှ အဆင်ပြေပါလိမ့်မယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းရှင်က Customer နဲ့ ချိန်းဆိုမှုအတွက် သွားရာလမ်းမှာပဲ ရုံးကအစည်းအဝေးကို Mobile Phone သို့မဟုတ် Tablet ကနေ UC ရဲ့ Feature တစ်ခုဖြစ်တဲ့ Web Conference သုံးပြီး အစည်းအဝေးကို Join လိုက်ပါတယ်။ အစည်းအဝေးမှာလဲ Project နဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးနိုင်ရုံသာမက Idea တွေ Decision တွေပါ ပေးနိုင်ပြီးတော့ Customer နဲ့ ချိန်းဆိုမှုကိုလည်း အမှီသွားနိုင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အချိန်ကုန်သက်သာစေရုံသာမက ကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို မြန်ဆန်စွာပြီးစီးအောင် ဆောင်ရွက်နိုင်ပါတယ်။

‍‍‍‍‍‍UC က အကျိုးပြုတဲ့ ဒုတိယအချက်တစ်ခုကတော့ ကိုယ့် Business ရဲ့ Productivity ကို တိုးစေပြီး အကျိုးအမြတ်များများ ရစေနိုင်တာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Project Manager တစ်ယောက်ဟာ Customer တွေနဲ့ Project အတွက် Meeting လုပ်နေရင်းက Project မှာ ပြဿနာ တစ်ခုပေါ်ပေါက်လာပါတယ်။ Project Manager အနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Boss ရဲ့ Decision ကလည်း အရေးပါတဲ့အပြင် အဲ့ဒီ အစည်းအဝေးမပြီးခင်မှာပဲ Account Manager ဆီက Information တွေနဲ့ Boss ရဲ့ Decision ရဖို့ လိုအပ်နေပါတယ်။ ဒီအချိန်မှာပဲ Boss က Business ကိစ္စနဲ့ Oversea Trip တစ်ခုကိုရောက်နေပါတယ်။ Account Manager ကတော့ တခြား Project အတွက် Customer Site တစ်ခုကို ရောက်နေတယ်။ ဒီတော့ Project အတွက် ဖွဲ့စည်းထားတဲ့ UC ရဲ့ Workspace တစ်ခုမှာပဲ Boss နဲ့ Account Manager အစရှိတဲ့ သက်ဆိုင်ရာလူတွေကို Mention ခေါ်ပြီး Project အတွက် Decision ကို ချက်ချင်း တောင်းခံလိုက်တယ်။ Project အတွက် Boss Decision ကို တခြား Project Members တွေကလည်း တစ်ချိန်ထဲမှာပဲ မြင်နိုင်တဲ့အတွက် Project ရဲ့ လက်ရှိအခြေအနေကို ပြန်လည်ရှင်းပြနေစရာမလိုဘဲ သိနားလည်သွားပါတယ်။ ဒီတော့ Team Members တွေ အနေနဲ့လည်း Unified Communication Channel တစ်ခုကိုပဲ သုံးပြီး Project Updated Status ကို Real Time မှာ စောင့်ကြည့်နေရုံပါပဲ။ ဒီအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် Response Time မြန်မြန်နဲ့ ကိုယ့်ရဲ့ Business ကို ဆောင်ရွက်နိုင်တာမို့ Productivity တိုးလာပြီး အကျိုးအမြတ်များများ ရရှိနိုင်ပါတယ်။

‍‍‍‍‍‍တတိယမြောက်အချက်တစ်ခုအနေနဲ့က စီးပွားရေးလုပ်ငန်းရဲ့ ငွေကြေးကုန်ကျမှုကို လျော့ကျစေတယ်။ ဥပမာအားဖြင့် Bank တစ်ခုမှာ Customers တွေကို Service အသစ်တစ်ခုပေးဖို့ဘဏ်ခွဲက လူတွေရော ဘဏ်နဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းအကုန်လုံးကို Head Office မှာ Training ပေးဖို့လိုလာတယ်။ ဒီလိုအချိန်မှာ အခြားတိုင်းဒေသတွေမှာရှိတဲ့ ဘဏ်ခွဲက ဝန်ထမ်းတွေဟာ Bank Service အသစ်အတွက် Training ကို Head Office ရှိတဲ့ မြို့အထိ လာရောက်တက်နေစရာ မလိုဘဲ Web Conference တစ်ခုကနေ Join ပြီး ကိုယ့်ဘဏ်ခွဲရှိတဲ့ နေရာမှာပဲ ပုံမှန် Bank လုပ်ငန်းတွေ လုပ်နေရင်းနဲ့ တက်ရောက်နိုင်ပါတယ်။ ဒီတော့ Head Office ကို တခြားဒေသတွေမှာ ရှိတဲ့ ဘဏ်ခွဲတွေကနေ Training တက်ရောက်မယ့် ဝန်ထမ်းတွေအတွက် နေရာထိုင်ခင်းတွေ စီစဉ်ပေးစရာလည်းမလိုသလို သူတို့ကိုယ်တိုင်လည်း မပင်ပန်းတော့ပါဘူး။ ပြီးတော့ နေရာထိုင်ခင်းစီစဉ်မှုအတွက် ကုန်ကျမယ့် စရိတ်လဲ မရှိတော့တဲ့အတွက် ကိုယ့် Business ရဲ့ Budget ကို သက်သာစေပါတယ်။

‍‍‍‍‍‍နောက်ဆုံးတစ်ခုအနေနဲ့ UC ဟာ စီးပွားရေးလုပ်ငန်းရဲ့ ဘယ်နေရာမဆိုထားပြီး အသုံးပြုလို့ရပါတယ်။ လက်ရှိမှာ တခြား Communication Application တွေရှိရင်တောင်မှ UC ကို ကိုယ့်စီးပွားရေးလုပ်ငန်းအတွက် –

HR ကနေ တခြား နိုင်ငံက လူတစ်ယောက်ကို အလုပ်ခန့်ချင်လာတဲ့အခါ Video Conference နဲ့ Interview လုပ်ချင်လို့ပဲ ဖြစ်စေ ၊ IT Engineer တွေအနေနဲ့ တခြား Customer Site က Network Devices တွေကို Configuration လုပ်နေရင်း Remote Screen ကို တခြား Location မှာရှိတဲ့ Standby Engineer တစ်ယောက်မြင်ရဖို့အတွက် Real Time မှာ Share ထားတာပဲ ဖြစ်ဖြစ် လုပ်နိုင်တဲ့အတွက် UC Application က Business ရဲ့ နေရာတိုင်းမှာ အသုံးဝင်ပါ တယ်။

‍‍‍‍‍‍အချုပ်အနေနဲ့ပြောရရင် UC Applications တွေမှာ အထက်ပါ အကျိုးကျေးဇူးတွေသာမက တခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်။ ဒီ Article မှာတော့ Business လုပ်ငန်းတွေမှာ အကျိုးဖြစ်ထွန်းဖို့အတွက် UC Technology ဟာ တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်ဆိုတဲ့ အကြောင်း ပြောရင်းနဲ့ ဒီအကြောင်း အရာလေးကို အဆုံးသတ်ချင်ပါတယ်။

Don’t forget to share this post!