Unified Communication Part(1)

စာဖတ်နေသူတို့အနေနဲ့ UC ဆိုတဲ့ စကားလုံးကို ကြားဖူးကြပါသလား။ UC ဆိုတဲ့ စကားလုံးဟာ IT Field ထဲမှာလည်း နည်းနည်းတော့ ဆန်းနေပါလိမ့်မယ်။ အောက်မှာတော့ UC နည်းပညာက ဘယ်လို နည်းပညာလဲ ဆိုတာရယ် UC နည်းပညာကို ဘာကြောင့် Enterprise တွေက သုံးသင့်သလဲ ဆိုတာကို တင်ပြသွားမှာပါ။

‍‍‍‍‍‍UC ဆိုတာကတော့ အရှည်ကောက် အနေနဲ့ ပြောရရင် Unified Communication ပါ။ UC နည်းပညာ အကြောင်းကို စပြီး မပြောခင် စီးပွားရေး  လုပ်ငန်းတွေ အကြောင်းကို ပြောချင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ Goals ကတော့ သူ့တို့ရဲ့ လုပ်ငန်းစဉ်တွေ နဲ့ လုပ်ဆောင်ရမဲ့ အလုပ် Flow တွေကို      တဆင့်ပြီး တဆင့် မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါ တယ်။ ဒီလို လျင်လျင်မြန်မြန်နဲ့ လုပ်ဆောင်နိုင်ဖို့က Customers တွေနဲ့ သာမက ကိုယ့်စီးပွားရေးလုပ်ငန်းအတွင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ Communication ကောင်းကောင်းရှိဖို့လိုပါတယ်။ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေက Emails တွေ Telephone တွေ Instant Messaging တွေ Video Conference System တွေကို သုံးနေကြတယ်။ ဒါပေမဲ့ ဒီ Tools တွေက သက်သက်စီပဲ သုံးလို့ရပါ တယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ သူ့မှာ Tools တွေ အများကြီးရှိနေလိမ့်မယ်။  ပြီးတော့ သူက Tools တစ်ခု သုံးနေရင်းကနေ နောက် Tools တစ်ခုကို သုံးဖို့လိုအပ်လာတဲ့အခါ သူ့အတွက် လက်ရှိ Tools ကနေ ထွက်ပြီးမှ နောက် Tools တစ်ခုကို သွားရတဲ့အတွက် သူ့ လုပ်ငန်းစဉ်တွေက နှောင့်နှေးကုန်ပြီး မြန်မြန်ဆန်ဆန် မပြီးတော့ပါဘူး။ ဥပမာ အနေနဲ့ ဝန်ထမ်းတစ်ယောက်ဟာ Customer တစ်ယောက်နဲ့ Email ပို့နေရင်းက Video Call ခေါ်ဖို့ လိုအပ်လာတဲ့ အခါမှာ Email Application သုံးတာကို ရပ်ပြီး Video Conference System ဆီသွားကာ Video Call ခေါ်ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

‍‍‍‍‍‍ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေမှာသုံးတဲ့ Communication Tools တွေကို တစုတစည်းတည်း တစ်နေရာထဲကနေ သုံးလို့ မရနိုင်ပါဘူး။ ဒီလို တစ်ခုချင်းစီဖြစ်နေတဲ့ Communication Tools တွေကို တစ်နေရာတည်းမှာ ပေါင်းစည်းထားတဲ့      နည်းပညာဟာ UC ဖြစ်ပါတယ်။ UC ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေမှာ Communication ကို လျင်လျင်မြန်မြန်နဲ့လုပ်ဆောင်နိုင်ပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန်ပြီးမြောက်ကာ အခြားပြိုင်ဘက်စီးပွားရေးလုပ်ငန်းတွေထက် ရှေ့တစ်လှမ်းသာနေဖို့ ဖြစ်ပါတယ်။

‍‍‍‍‍‍အတွင်းရေးတွေကို ပေါက်ကြားခံမလား!!

အခုထပ်ပြီး တင်ပြချင်တာကတော့ UC ကို ဘာကြောင့် စီးပွားရေးလုပ်ငန်း တွေက သုံးသင့်သလဲ ဆိုတာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ Communication အတွက် Budget သက်သာအောင်ဆိုပြီး Free Applications တွေဖြစ်တဲ့ Viber တွေ Messenger တွေ Wechat တွေကို သုံးကြတယ်။ စီးပွားရေးလုပ်ငန်းရဲ့အသက် သတင်း အချက်အလက်တွေကို ပြိုင်ဖက်တွေနဲ့ ပြင်ပက လူတွေဆီ မပေါက်ကြားဘဲ လုံခြုံစွာ ထိန်းသိမ်းနိုင်ဖို့ဖြစ်ပါတယ်။ ဒီတော့ ဝန်ထမ်းအချင်းချင်းဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အဲ့ဒီ Free Applications တွေသုံးပြီး Share နေကြပါလိမ့်မယ်။ ဒီတော့ သူ့တို့ရဲ့ အတွင်းရေး အချက်အလက်တွေက လုံလုံခြုံခြုံ ဖြစ်မယ်လို့ ထင်ပါသလား။ အဲ့ဒီ Free Applications တွေကို ထုတ်တဲ့ Vendor တွေကရော တစ်ခုခု ပေါက်ကြားသွားခဲ့သည်ရှိသော် တာဝန်ယူမယ်လို့ ထင်ပါသလား။ သက်ဆိုင်တဲ့ အဖြေကတော့ နှစ်ခုလုံးအတွက် No ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ Free Applications တွေအစား UC Applications ကို သုံးမယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ အချက်အလက်တွေ လုံခြုံမှု ( Security) အတွက် အာမခံချက်ရှိပါတယ်။    နည်းပညာအရ ပြောရမယ်ဆိုရင် UC Application ကို ထုတ်တဲ့ Vendor တွေဆီမှာ ကိုယ်ရဲ့အချက်အလက်တွေအတွက် ဘယ်လို Encryption နည်းပညာကို သုံးပြီး ထိန်းသိမ်းထားလဲဆိုတာနဲ့အချက်အလက်လုံခြုံမှုအတွက် ဘယ်လို Standard ကို သုံးထားတယ်ဆိုတဲ့ SOC (System Organization Controls) Report ကိုတောင်းကြည့်လို့ရပါတယ်။

‍‍‍‍‍‍စိတ်ရှုပ်ခံနေမှာလား!!

နောက် အချက်တစ်ခုအနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းတွေဟာကြီးလာနဲ့အမျှ Teams တွေလဲ များလာပါတယ်။Team တစ်ခု အချင်းချင်း ဒါမှမဟုတ် ဝန်ထမ်းအချင်းချင်း Communication အတွက်သုံးတဲ့ Applications တွေဟာ မတူညီကြပါဘူး။ ဥပမာ အားဖြင့် တစ်ချို့ Team တွေက Viber သုံးကြမယ်။ အခြား Team ကျတော့ Wechat သုံးကြတယ် အစရှိသဖြင့် မတူညီတဲ့ Applications တွေသုံးတော့ Team ရဲ့ User Accounts တွေကို Manage လုပ်ရတာ ခက်လာမယ်။ Account တစ်ခုချင်းစီရဲ့ Access Level ကို ကန့်သတ်မထားနိုင်ပါဘူး။ ဒါပေမဲ့    စီးပွားရေးလုပ်ငန်းတွေမှာ UC Applications ကို သုံးလိုက်မယ်ဆိုရင်တော့ ဒါတွေဟာ မဖြစ်တော့ပါဘူး။ Single Portal တစ်ခုတည်းကနေ ဝန်ထမ်းအားလုံးရဲ့ Account တွေကို Manage လုပ်နိုင်ရုံသာမက ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်း အတိုင်း ဝန်ထမ်းတွေကို Position အလိုက် အချက်အလက်တွေကို Access လုပ်ပိုင်ခွင့်ကို သတ်မှတ်ပေးလို့ရပါတယ်။ ဒါ့အပြင် တခြားလုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်။

‍‍‍‍‍‍Free Application Down တာကို စိတ်ညစ်နေမလား!!

နောက်ဆုံးအချက် တစ်ခုအနေနဲ့ကတော့ Free Applications တွေကို သုံးခွင့်ရဖို့ Account ဖွင့်တဲ့အခါ ဖုန်း Number တွေကို အခြေခံပြီး ဖွင့်ရတာ ဖြစ်ပါတယ်။  ဒီတော့ ဖုန်း ပျောက်ခဲ့သည်ရှိသော် ကိုယ်ရဲ့ Account ကို တခြား Device မှာ ဝင်သုံးလို့မရနိုင်ပါဘူး။ ပြီးတော့ Free Applications မှာ ဖွင့်ထားတဲ့ Account တွေဟာ အချိန်မရွေး Ban ခံရနိုင်ပါတယ်။ Free Applications တွေမှာ Downtime လဲရှိနိုင်ပါတယ်။ UC Application မှာ ဖွင့်ထားတဲ့ Account တွေကတော့ Downtime ဘယ်လောက်ပဲ ရှိရမယ်အစရှိတဲ့ Vendor နဲ့ ညှိနှိုင်းထားတဲ့ Service Level Agreement (SLA) အတိုင်း သုံးလို့ရနေမှာ ဖြစ်ပါတယ်။ ဒီ SLA ကို ချိုးဖောက်ခဲ့ရင်လဲ Complain တက်လို့ ရပါသေးတယ်။ ကိုယ့်ရဲ့ ဖုန်း သို့မဟုတ် Device ပျောက်သွားခဲ့ရင်တောင် တခြား Device တစ်ခုခုကနေ UC Application ကို Access ရနေမှာပါ။

‍‍‍‍‍‍အပေါ်က အချက်တွေကို ကြည့်လိုက်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် UC နည်းပညာကို ဘာကြောင့် သုံးသင့်သလဲဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ ထပ်ဆောင်းအနေနဲ့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းစဉ်များကို လုံခြုံ တိကျ မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ UC နည်းပညာကို အသုံးချကြပါစို့။

Don’t forget to share this post!