SAN storage

Information-Centric Society ခေတ်ကြီးထဲကိုရောက်လာတဲ့အခါမှာ, အိမ်မှရုံးသို့ ၊ အထိုင်ရုံးမှ ရွေ့လျားအဝေးထိန်းရုံးသို့၊ စီးပွားရေး လုပ်ငန်းသေးသေးလေးမှ လုပ်ငန်းကြီးသို့ အစရှိသည်ဖြင့် ကျယ်ပြန့်လာပါတယ်။ အဖွဲ့အစည်းတွေ လုပ်ငန်းတွေ ကြီးမားလာတာနဲ့ အမျှ ယင်းတို့နဲ့သက်ဆိုင်တဲ့ Information’s (သတင်းအချက်အလက်တွေ) ၊ Data တွေ များပြားတိုးတက်လာပါတယ်။ အခုလို များပြားလာသော Data တွေကို သိမ်းစရာနေရာတစ်ခုထဲမှာ သိမ်းဆည်းလာကြတယ်။ IT Term မှာတော့ Storage Device ဆိုပြီးကြပါတယ်။ IT Industry အပိုင်းမှာတော့ Storage Devices တွေနဲ့ သူတို့တွေရဲ့ Features တွေဟာ အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်လာကြပြီဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
Datacenter ကြီးတွေမှာ Storage Device တွေကို Application နဲ့ဆိုင်တဲ့ Data တွေ သတင်းအချက်အလက်တွေနဲ့ အရေးကြီးတဲ့ Data တွေ သိမ်းရန် အသုံးပြုကြပါတယ်။ Applications တွေကို Compute Node လို့ ခေါ်တဲ့ Server တွေပေါ်မှာ တင် Run ကြပါတယ်။ သို့သော် ၎င်းServers တွေမှာ Storage နဲ့ဆက်စပ်နေတဲ့ Connection (ဆက်စပ်မှု) သာ မရှိရင် ဘယ်လို မှ ဆက်လက်ပြီး Run နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လဲ Storage အပိုင်းဟာ အရေးကြီးလာပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
အ‌အေားဖြင့် Storage အမျိုးအစား သုံးခုရှိပါတယ်။
1️⃣ Direct Attached Storage(DAS),
2️⃣ Network Attached Storage(NAS)နဲ့
3️⃣ Storage Area Network(SAN) တို့ပဲ ဖြစ်ပါတယ်။
ဒီ Content မှာတော့ SAN Storage အပိုင်းကို Main Target အနေနဲ့ Share သွားမှာဖြစ်ပါတယ်။ ‍‍‍‍‍‍
‍‍‍‍‍‍ ‍‍‍
SAN Storage ဆိုတာကတော့ Storage နဲ့ Server ကြားထဲမှာ High Speed Connection ရှိရှိ ဆောင်ရွက်ပေးနေတာဖြစ်တယ်။ တစ်နည်းဆိုသော် Speed မြန်မြန်နဲ့ Data တွေ အသွားအလာကို ဆောင်ရွက်ပေးပါတယ်။ ၎င်းဟာ Block-Level Storage ဖြစ်ပြီး ဘယ် Network Server ကလာတဲ့ Data ကို မဆို လှမ်း Access လုပ်နိုင်ပါ တယ်။‍‍‍‍‍‍
‍‍‍‍‍‍ ‍‍‍‍
SAN Storage တစ်ခုရဲ့ Server တွေ Network တွေ နဲ့ဆက်သွယ်နိုင်ဖို့ (Connection) တွေ ရှိတယ်။ အဲ့ဒီလို တစ်ခုခု ဆက်သွယ်တဲ့အခါမှာ ကြားခံ ပစ္စည်း (Protocols) တွေလိုအပ်ပါတယ်။ ဒီနေရာမှာတော့ Fiber Channel(FC), ISCSI နဲ့ NFS တို့ဟာ အဓိက Protocol တွေပဲ ဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
SAN Storage ရဲ့ အဓိက လုပ်ဆောင်ချက် (Main Function) တွေကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
✔ မြန်နှုန်းမြင့်တဲ့ Network ရှိခြင်း
✔ Server တွေ နဲ့ ချိတ်ဆက်အလုပ်လုပ်ခြင်း
✔ Applications တွေကို Network Server တွေဆီမှ ရယူနိုင်ခြင်း
✔ Backup နဲ့ DR (Disaster Recovery) အတွက်လုပ်ဆောင်နိုင်ခြင်း
✔ တစ်ချို့သော Management Tasks တွေကို ဆောင်ရွက်နိုင်ခြင်း
✔ ပြုပြင် ပြောင်းလဲ နိုင်ခြင်း (Flexibility), အချိန်မရွေး ရရှိနိုင်ခြင်း( Availability), လုပ်ဆောင်မှု မြန်ဆန်ခြင်း (Good Performance) တို့ကို ပေးစွမ်းနိုင်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
‍‍‍‍‍‍Organization အများစုဟာ San ကိုပဲ ရွေးချယ်အသုံးပြုလာကြတယ်။ အဓိက Direct Attached Storage ထက် အားသာချက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ Flexibility, Availability နဲ့ Performance ပိုမိုကောင်းမွန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ထို့အပြင် Storage Utilization လဲ မြင့်တက်လာတယ်။ Datacenter ထဲမှာ Space အများအပြားမယူပဲ အသုံးပြုလာနိုင်တယ် ထို့အပြင် တခြား Storage အပိုပစ္စည်းတွေ ဝယ်စရာမလိုတဲ့အတွက် Cost လဲပိုပြီး Save ဖြစ်ပါတယ်။ ‍‍‍‍‍‍
‍‍‍‍‍‍ ‍‍‍
Storage Device တစ်ခုဖြစ်ဖို့ အတွက် Hard Disks တွေများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ Hard Disks ဆိုရာတွေလဲ အမျိုးစုံရှိပါတယ်။ SAS, SSD, NN-SAS အစရှိသဖြင့်… အခုနောက်ပိုင်းမှာတော့ Organization တော်တော် များများမှာ (Solid State Drive) SSD ကိုပဲ အသုံးများလာကြပါတယ်။ SSD ကို All Flash အမျိုးအစားလို့လဲ ခေါ်နိုင်တယ်။အဓိက အားသားချက်ကတော့ Performance အရမ်းကောင်းနေခြင်းဖြစ်ပါတယ်။ သာမန် HDD တစ်လုံးဟာ Data ကို Storage Device ကနေလှမ်းယူတဲ့အခါ 5,000 ကနေ 10,000 Microseconds ကြားကြာနေချိန် SSD Sisk တွေဟာ 35 ကနေ 100 Microseconds ကြား အချိန်သာကြာတယ်။ အဆ 100 လောက်သာတယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် လုပ်ဆောင်မှု (Performance) အရမ်းမြန်တယ်လို့ ဆိုနိုင်တယ်။‍‍‍‍‍‍
‍‍‍‍‍‍ ‍‍‍‍
‍‍‍‍‍‍အရေးကြီးတဲ့ Data တွေ ဘယ်လို သိမ်းရမယ့် Storage Type တွေ အကျိုးကျေးဇူးများစေရန် အသုံးပြုသင့်တဲ့ Disk အမျိုးအစားအကြောင်းတွေ ပြောအပြီးမှာတော့ Data တွေကိုဘယ်လိုBackup ထားကြမလဲ ဆိုတာကို နောက် Content မှာ ထပ်Share သွားပါမယ်။

Don’t forget to share this post!