Backup & recovery (data protection)

လက်ရှိ ၂၁ ရာစု IT Industry တွေထဲမှာ Storage System တွေကို အမျိုးစားပေါင်းစုံအသုံးပြုလာကြပါတယ်။ အဓိက ကတော့ Sensitive Data တွေ အရေးကြီးတဲ့ Data တွေကို သိမ်းဆည်းဖို့ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Data တွေကို Storage Device တစ်ခုထဲမှာပဲ သိမ်းထားမယ်ဆိုရင် တစ်စုံ တစ်ရာကြောင့် ဒီ Storage Device တွေသာ ပျက်ဆီးခဲ့မယ် ဆိုရင် ဒီ Data တွေလဲ ပျက်စီးနိုင်ပါတယ်။ Storage Device တစ်ခု Run နေရာ မှ ရပ်သွားသည် ဖြစ်စေ ပျက်ဆီး သွားသည် ဖြစ်စေ Data တွေကို ဆုံးရှုံးနိုင်ပါတယ်။ Data တွေ ဆုံးရှုံးသွားခြင်းဖြင့်Business ကို များစွာ အကျိုးယုတ်စေပါတယ်။

‍‍‍ဒါ့ကြောင့် အကြောင်းအမျိုးမျိုးနဲ့data တွေ ဆုံးရှုံးခဲ့ရင် ဘယ်လိုမျိုးနောက်ထပ် တစ်နေရာကနေ ပြန်ရနိုင်မယ် ဆိုတာ ကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ Backup Solution ဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်လာပါတယ်။ အရေးကြီးတဲ့ Data တွေကို နောက်ထပ်တစ်နေရာမှာ Copy ယူထားခြင်းဖြင့် Information ပျောက်ဆုံးခြင်း စတဲ့ ကြီးမားသော အဖြစ်ဆိုးတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။နောက်မှာတော့ Backup Solution ကောင်းတစ်ခု ဖြစ်စေရန် Technology ပိုင်းကို ဆက်လက် Share သွားမှာပါ။

‍‍ပထမဦးစွာ မထင်မှတ်ဘဲ Data ပျက်စီးမှု ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

-Computer သို့မဟုတ် System တစ်ခုလုံးကို Virus ဝင်ပြီး Data ပျက်စီးနိုင်တယ်။

-လူပုဂ္ဂိုလ် တွေရဲ့ အမှားကြောင့် လဲ ဖြစ်နိုင်တယ်။

-Physically အရ Server ပျက်စီးသွားနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ Data ဆုံးရှုံးမှု ဖြစ်ခဲ့ရင် ပြန်ရနိုင်ဖို့ အကောင်းဆုံး Backup Solution စဉ်းစားရာမှာ Backup Types အမျိုးမျိုးရှိတယ်။ ကောင်းကျိုးဆိုးကျိုး တွေလဲ ရှိကြပါတယိ။

‍‍‍‍‍‍FULL BACKUP

နေ့စဉ်နဲ့အမျှ Backup ယူတဲ့ အခါမှာ File တစ်ခုလုံးကို အစ အဆုံး ထပ်ခါထပ်ခါ Backup လုပ်နေတာမျိုးဖြစ်ပါတယ်။

‍‍‍INCREMENTAL BACKUP

Incremental Backup ဆိုတာကတော့ နောက်ဆုံး Backup လုပ်ပြီးတဲ့ အချိန် နောက်ပိုင်းမှာ အပြောင်းအလဲရှိနေတဲ့ Data တွေကို ထပ်ပြီး Backup လုပ်တာ ဖြစ်ပါတယ်။ Incremental Backup သုံးခြင်းဖြင့် တစ်ကြိမ်ပဲ Full Backup လုပ်စရာလိုပါတယ်။ နောက်ပိုင်း Changes ရှိတဲ့ Data တွေကိုပဲ Backup လုပ်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် Backup လုပ်တဲ့ အခါမှာ လိုအပ်မဲ့ Storage Space က Full Backup ထက် အများကြီး သက်သာ သွားမှာ ဖြစ်ပါတယ်။

‍LOCAL BACKUP

Local Backup မှာတော့ Backup အနေနဲ့ သွားသိမ်းထားမယ့် Storage Medium က နဂို Source နဲ့ အရမ်းနီးနေတာမျိုး ဖြစ်ပါတယ်။ အဆောက် အအုံ တစ်ခုထဲလဲ ဖြစ်နိုင်ပါတယ်။ Second Device တစ်ခုအနေနဲ့တော့( ဥပမာ- External Hard disk, Nas Storage တို့လိုမျိုး) နဲ့ Backup လုပ်ကြတယ်။ Loacl Backup ကို သုံးခြင်းဖြင့် Drive ပျက်သွားတာမျိုး Virus Attack ဖြစ်သွားတာမျိုးတွေကို Protect လုပ်ပေးမှာ ဖြစ်ပါတယ်။

‍‍‍Offsite Backup

Backup Storage ကို Local Backup တုန်းကလို တစ်နေရာထဲမှာ သိမ်းတာ မဟုတ်တော့ဘဲ Geographic Location နေရာ ပြောင်းပြီး သိမ်း တာမျိုး ဖြစ်ပါတယ်။ ပထမဆုံးတော့ Backup ကို Loaclly Backup လုပ်ပြီးတဲ့ အချိန်မှာ Storage Medium ကို တခြား တစ်နေရာမှာ ထားတာမျိုးကို Offsite Backup လို့ခေါ်ပါတယ်။ အဲ့တော့ Primary Loaction ဒါမှမဟုတ် အဆောက် အဦးကြီး တစ်ခုခု ဖြစ်သွားရင်တောင် တခြားနေရာမှ ပြန်လည် ရယူနိုင်ခြင်းဖြင့် Data မပျောက်နိုင်တော့ပါဘူး။

Cloud Backup

Data Backup လုပ်တဲ့ အချိန်မှာ Internet ပေါ်မှတစ်ဆင့် Storage Facilities ကို ယူသုံးခြင်းဖြစ်ပါတယ်။ နေရာအားဖြင့် Local မှာလဲ ထားလို့ရသလို Cloud မှာလဲ Backup Solution အနေနဲ့ ထားလို့ရပါတယ်။ အဲ့တော့ အဲ့ဒီ Backup Data တွေကို ဘယ်နေရာမှာ ထားကြမှာလဲ ဆိုတာ စဉ်းစားရပါမယ်။ Primary Device ပျက်မှာဆိုးလို့ Backup ထားရတဲ့ အချိန်မှာတော့ Device ကို အတူတူ တစ်ခုထဲ သုံးလို့ မရပါဘူး။ ဒါကြောင့်DELL EMC က ထုတ်ထားတဲ့ Data Domain လိုမျိုး Device မှာ သိမ်းထားလေ့ ရှိပါတယ်။ DELL EMC Data Domain ကတော့ Deduplication လုပ်ပေးနိုင်တယ်။ Deduplication ဆိုသည်မှာ နှစ်ခု သုံးခု အစ ရှိသဖြင့် အတူတူ တစ်ထပ်တည်းကျနေသော Data တွေကို တစ်ခုထဲ အဖြစ်ပဲ သိမ်းခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် Space(နေရာ) တွေဖောင်းပွ မနေတော့ဘဲ တစ်စုတစ်စည်းထဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

☑Storage Space ကို ၁၀ ဆ ကနေ အဆ ၃၀ အထိ လျှော့ချနိုင်ခြင်း

☑Backup Performance ကောင်းမွန်ခြင်း

☑Data Domain ထဲမှ Data တွေကိုလဲ လွယ်ကူစွာ Recover ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။

‍ထို့နောက် Backup Solution ရဲ့ အရေးကြီးတဲ့ နောက်ထပ်တစ်ခုကတော့ Backup Software ပဲဖြစ်ပါတယိ။ Software ကတော့ Backup လုပ်ရာမှာ အသုံးပြုရမှာပါ။ Backup Software Level မှာလဲ ထပ်ပြီးတော့ Deduplication ထပ်ရနိုင်ပါတယ်။ဥပမာ- DELL EMCရဲ့ Data Domain နဲ့ Nerworker Software နဲ့တွဲသုံးမယ်ဆိုရင် Deduplication ကို နှစ်ကြိမ် ရရှိမှာ ဖြစ်ပါတယ်။ Storage Space ပိုမို ပြီး သက်သာ သွားမှာ ဖြစ်ပါတယ်။ Netwoker နဲ့ Backup လုပ်တဲ့ အပိုင်းမှာ Backup Level သုံးမျိုးရနိုင်ပါတယ်။

File-Level Backup
Vm-Level Backup
Application-Level Backup တို့ဖြစ်ပါတယ်။ အဆိုပါ Backup Solution ကို အသုံးပြုပြီး မိမိတို့ ရဲ့ အရေးကြီးတဲ့ Data တွေကို ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။‍‍‍

Don’t forget to share this post!