why data visualization is important?

➡ Data Visualization က ကိုယ့်ရဲ့ Business Planning မှာ အလွန် အသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ –
‍‍‍‍‍‍
1️⃣ ကိုယ့် Business က အခုလက်ရှိ ဘယ်လို အခြေအနေရှိလဲ ဆိုတာကို Analysis တွေလုပ်ချင်တာပဲဖြစ်ဖြစ်၊
2️⃣ Pain Points တွေကို မြင်သာထင်သာရှိဖို့အတွက်သာမက
3️⃣ ကိုယ့် Business မှာ Value တွေပိုရှိလာအောင် Decision Making တွေလုပ်နိုင်ဖို့အတွက် Data Visualization က အဓိကကျပါတယ်။ ‍‍‍‍‍‍
‍‍‍‍‍‍
Business Data တွေနဲ့ Technical Data တွေကို Excel တွေ ၊ CSV Files တွေနဲ့ ကြည့်နေရမဲ့အစား Real Time မှာပဲ ကိုယ့် Data တွေကို Visualization Graphs တွေ Charts တွေပေါ်မှာ မြင်ရတဲ့ အတွက် Technical ပိုင်း ကို အကျွမ်းတ၀င် မရှိတဲ့ Business & Management Level အနေနဲ့လည်း နားလည်ရလွယ်ကူစေပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
Data တွေက ကျွန်တော်တို့ရဲ့ လက်ထဲမှာ တစ်နေ့တစ်နေ့ ပိုပိုပြီးများလာဖို့ပဲ ရှိပါတယ်။ ဒီတော့ Data တွေကို မြင်သာထင်သာရှိရှိနဲ့ ဘယ်လို Handle လုပ်မလဲဆိုတာ စဉ်းစားဖို့လိုလာတယ်။ တစ်နေ့ထက်တစ်နေ့ များလာတဲ့ CSV Files တွေ၊ Excel တွေ၊ အခြား Data Sources က ပြန့်ကျဲ နေတဲ့ Data တွေကို ကြည့်ပြီး ဘယ်လို Action တွေယူရမလဲကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေဖို့ မလိုအပ်တော့ပါဘူး။ Business Intelligent Tools တွေက ကိုယ့် Business Data တွေ၊ Technical Data တွေနဲ့ Real Time မှာ Interaction ရှိရုံသာမ Data Size ကြီးတာတွေ Complex ဖြစ်တဲ့ Data တွေကို မြင်သာထင်သာရှိအောင် ကောင်းကောင်း Drive လုပ်ပေးနိုင်ပါတယ်။ ‍‍‍‍‍‍
‍‍‍‍‍‍
ထပ်ပြီးတော့ Business Intelligent(BI)Tools တွေထဲကမှ တစ်ခုဖြစ်တဲ့ Microsoft Power BI အကြောင်းကို Overview ပြောပြချင်ပါတယ်။ Microsoft Power BI ကတော့ Web-Based BI Tool တစ်ခု ဖြစ်ပြီးတော့ Data Visualization အတွက် အရမ်းကို အားသာတဲ့ Top 10 BI Tools တွေထဲက တစ်ခုဖြစ်ပါတယ်။ Web-Based ဖြစ်တဲ့ အတွက် Excel Files တွေ၊ CSV Files တွေ ၊ Azure SQL Database တွေ၊ Dynamic 365 က Data တွေ၊ SAP Business Warehouse Server တွေ အစရှိတဲ့ Data Sources တွေသာမက အခြား Data Sources အများကြီးက Data တွေကို Access လုပ်ပြီးတော့ Real-Time Reports တွေ Dashboards တွေကို Create လုပ်နိုင်ပါတယ်။ Power BI Sample Templates တွေလည်း ယူသုံးလို့ရပါတယ်။ Power BI Reports တွေ၊ Dashboards တွေကို ကိုယ့် Organization ထဲမှာသာမက အခြား Organization က G-Suit အကောင့်တွေ ဒါမှမဟုတ် Office 365 အကောင့် သုံးတဲ့ လူတွေကိုလည်း Share လို့ရပါတယ်။ ဒါ့အပြင် Power BI Reports နဲ့ Dashboards တွေကို PC တွေ Laptop တွေနဲ့သာမက ကိုယ်အားတဲ့ အချိန်လေးမှာ Power BI Mobile Applications ကနေ PC တွေ Laptop တွေ ဖွင့်နေစရာမလိုပဲ လွယ်လွယ်ကူကူ ကြည့်နိုင်မှာ ဖြစ်တဲ့အတွက် အချိန်ကုန် သက်သာ စေမှာဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
NEX4 အနေနဲ့ ပေးနိုင်တဲ့ BI Solutions တွေကတော့ Business တွေမှာ သုံးနေကြတဲ့ Dynamic 365၊ Azure SQL Data Warehouse ၊ Salesforce ၊ SAP အတွက်သာမက လက်ရှိမှာ Finance Data တွေနဲ့ Banking Data တွေအတွက် BI Solutions တွေပေးနေပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
နောက်ဆုံးအနေနဲ့ ပြောချင်တာက BI Tools ကို သုံးပြီး Data Visualization ရှိလာတဲ့ အတွက် ကိုယ့် Business မှာ Quick Insights တွေရှိလာရုံသာမက Future Outcomes တွေဘယ်လိုဖြစ်မလဲဆိုတာကို အရင်ရှိပြီးသား Data တွေပေါ်ကနေ ခန့်မှန်းနိုင်ကြောင်းပြောရင်းနဲ့ ဒီ Article လေးကို ဒီမှာ အဆုံးသတ်ချင်ပါတယ်။

Don’t forget to share this post!