tips for unified communication performance management

ဒီတစ်ခါမှာတော့ ကိုယ့် Organization မှာ အသုံးပြုထားတဲ့ Unified Communication (UC) ရဲ့ Performance ကောင်းစေဖို့ အတွက် Manage လုပ်ရမဲ့ Tip လေးတွေအကြောင်းကို ပြောပြချင်ပါတယ်။
‍‍‍‍‍‍
ပထမ Tip တစ်ခုအနေနဲ့ ကိုယ့် Organization ရဲ့ IT Environment ကို အတွင်းကျကျ သိထားဖို့လိုအပ်ပါတယ်။ ဒါမှ ကွဲပြားနေတဲ့ Teams တွေကြားမှာ Issue တစ်ခုခုဖြစ်လာခဲ့ရင် ဘယ်နေရာမှာ ဘာ Root Cause ကြောင့်ဖြစ်တယ်ဆိုတာကို ဖြေရှင်းနိုင်မှာပါ။ ကိုယ့် Organization ရဲ့ IT Environment ကို အတွင်းကျကျသိတဲ့ အတွက်ကြောင့် Third Party က Service Level Agreement ထဲက လိုအပ်ချက်တွေနဲ့ Meet ဖြစ်လား မဖြစ်ဘူးလား ကို ကိုယ်ကိုယ်တိုင်သိနိုင်ပြီးတော့ Meet မဖြစ်ရင်လဲ ထိုက်တန်တဲ့ လျော်ကြေးပြန်တောင်းလို့ရပါတယ်။
‍‍‍‍‍‍
နောက် Tip တစ်ခု အနေနဲ့ကတော့ UC ရဲ့ Performance က ကိုယ့် Network ပေါ်က Packet Loss တွေ နဲ့ Jitter တွေအပေါ်မှာလဲ မူတည်ပါတယ်။ ဒါကြောင့် ကိုယ်က UC Application ပေါ်မှာ Quality Of Service (QoS) Policies တွေ ကို Set လုပ်ထားလား ၊ Policies တွေကိုရော မှန်မှန်ကန်ကန် UC Application က Apply လုပ်သွားလား ၊ Network Congestion ကြောင့် Packets တွေ Drop ဖြစ်နေလား အစရှိတဲ့ အချက်တွေကို Monitor
လုပ်သင့်ပါတယ်။
‍‍‍‍‍‍
ထပ်ပြီးတော့ Tip တစ်ခုအနေနဲ့ ကိုယ့် Network ပေါ်မှာ ရှိတဲ့ Transmission Delay, Propagation Delay, Throughput အစရှိသဖြင့် End To End Metrices တွေကို သေချာ သိရှိထားဖို့ လိုပါတယ်။ Metrices တွေပေါ်မှာလည်း UC Application တွေ ရဲ့ Quality ၊ Performance တွေက မူတည်ပါတယ်။
‍‍‍‍‍‍
UC Application ရဲ့ Performance အခြေအနေ ကို သိချင်ရင်တော့ Video Call ခေါ်ပြီး Video Call ကြည်ကြည်လင်လင်ရှိမရှိ၊ ကို တစ်ချက် စစ်ဆေးပေးဖို့လဲ လိုအပ်ပါတယ်။
‍‍‍‍‍‍
နောက်ဆုံးအနေနဲ့ ပြောချင်တာက UC Application ရဲ့ Performance အတွက် Manage လုပ်ရင်းနဲ့ ရလာတဲ့ Information တွေကို ကြည့်ပြီး ကိုယ့် Organization ရဲ့ Future Planningအတွက် အလွန်အသုံးဝင်လာပါလိမ့်မယ်။ Management ဘက်ကိုလဲ ကိုယ့် Environment Information ကို အချက်ကျကျနဲ့ ထောက်ပြနိုင်ပြီး Environment မှာ Invest
ထပ်လုပ်ဖို့ လိုအပ်လာတာတွေအတွက် Budgets တောင်းရတာလဲ လွယ်ကူစေပါတယ်။

Don’t forget to share this post!