information and data protection storage concept

ဒီတစ်ခါတော့ Data Protection ရဲ့ အရေးပါပုံနဲ့ Data Protection မှာ EMC DD Storageကနေဘယ်လို ကောင်းမွန်တဲ့ Solution တွေပေးနိုင်မလဲဆိုတာ အပြင်   NEX4 မှတစ်ဆင့် Technically အရ ဘာတွေ Support ပေးသွားမလဲဆိုတာ ပြောပြချင်ပါတယ်။ 

‍‍‍‍‍‍Data Protection က အင်မတန်ကို အရေးပါလာပါတယ်။ ဒါကြောင့်လဲ  Backup တွေ DR Plan တွေ လုပ်လာကြပါတယ်။ အားလုံးကတော့ ကိုယ့် System ထဲမှာ Information and Data Protection အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမယ့် Solution တွေဖြစ်ပါတယ်။ Banking System တွေ အတွက် Financial Data တွေရှိနိုင်သလို Health Care System တွေ အတွက်လဲ သက်ဆိုင်ရာ ကျန်းမာရေး မှတ်တမ်းတွေရှိနိုင်တယ်။ သက်ဆို်င်ရာ Personal Information တွေလဲရှိနိုင်တယ်။ အကုန်လုံး   ကတော့ Privacy Data တွေ ဖြစ်ကြပါတယ်။ ဒီလိုအရေးကြီးတဲ့ Data တွေ မပျောက်ပျက်အောင် အမျိုးမျိုး Protect လုပ်ကြတယ်။ Security အရရော Data Backup နည်း တွေ အရရော လုပ်လေ့ရှိကြပါတယ်။ Security အရ Data Loss မဖြစ်အောင် လုပ်တဲ့ Solution ကို *Data Loss Prevention* Content တွေမှာဆက်လက် ဖော်ပြပါမယ်။

Backup Solution နဲ့ Data တွေ Loss မဖြစ်အောင် လုပ်နိုင်ကြောင်းကို Backup Content တွေမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ အဲ့ဒီအခါ စဉ်းစားစရာရှိပါတယ်။ Data တွေကို Backup လုပ်ထားတဲ့ တစ်နေရာရာကနေ ပြန်ယူခြင်းဖြင့် Data Loss မဖြစ်နိုင်ဘူး ဆိုတော့ Backup Data တွေကို ဘယ်မှာသိမ်းမလဲ ဆိုတာ စဉ်းစားရပါမယ်။ 

‍‍‍‍‍‍Data တွေကို Storage Device တွေမှာ သိမ်းကြတယ်။ အဲ့ Device တွေပျက်သွားရင် အထဲက Data တွေကိုBackup Data တွေအနေနဲ့ ထပ်သိမ်းထားတဲ့ Device ကနေ ပြန်လည်ယူနိုင်ပါတယ်။ ဥပမာ EMC ရဲ့ Data Domain က Backup လုပ်မယ့် Data တွေကို သိမ်းဖို့က Storage System ဖြစ်ပါတယ်။ ဒါ့ကြောင့် Data Protection နဲ့ EMC Data Domain ကပတ်သတ်မှုရှိလာပြီး အခုဆက်ပြောမယ့် Topic ရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်လာပါတယ်။

Dell EMC Data Domain ဆိုတာ Data Deduplication လုပ်နိုင်တဲ့ Storage System တစ်ခုပဲ ဖြစ်ပါတယ်။ 

‍‍‍‍‍‍Storage Device တွေ များစွာ ရှိပါလျက်နဲ့ ဘာကြောင့် EMC ရဲ့ DD Storage System ကိုမှ ရွေးချယ်ပြောရလဲဆိုတဲ့ အကြောင်းအရင်းများစွာရှိပါ တယ်။ ပထမဆုံး အနေနဲ့ Dell EMC DD ရဲ့ Features လေးတွေပြောချင်ပါတယ်။ 

1. It’s Fast

– EMC DD ရဲ့ Backup Speed က အရမ်းမြန်တယ်။ တစ်နာရီ ကို 68 TB (68 TB/hr) အထိ Backup Speed ရှိတယ်။ အနီးစပ်ဆုံး ပြိုင်ဘက်တွေ ထပ် 1.5 ဆပို မြန်ပါတယ်။

2. Data Protection

– Backup လုပ်ဖို့ အကောင်းဆုံး Storage System တစ်ခုဖြစ်ပါတယ်။ Device အတွင်းမှာ Data Verification စစ်တာတွေ Fault Detection တွေ လုပ်ပေးတာကြောင့် Market Industry တွေမှာ Leader ဖြစ်လာပါတယ်။ 

3. Reduced Storage Footprint Significantly

– ဆိုလိုရင်းကတော့ Storage Space နည်းသွားအောင်လုပ်ပေးနိုင်တာဖြစ်တယ်။ DD မှာ ပါတဲ့ Deduplication လုပ်ပေးနိုင်တဲ့ Rate က အရမ်းမြင့်ပါတယ်။ Deduplication ဆိုတာကတော့ တူနေတဲ့ Data တွေ ထပ်နေတဲ့ Data တွေကို နှစ်ခါသိမ်းတာမျိုး မလုပ်တော့ဘဲ တစ်ခါထဲပေါင်းသိမ်းပေးတာမျိုး ဖြစ်ပါတယ်။ အဲ့တော့ Space တွေ အများကြီး မယူတော့ပဲ တစ်နေရာထဲမှာ သိပ်သိပ်သည်းသည်း သိမ်းနိုင်ပြီး နေရာတွေ အများကြီး ပိုထွက်လာ နိုင်ပါတယ်။ 

4. Monster Scalability 

– Data Domain System မှာ 3PB အထိ Scale လုပ်နိုင်တယ်။ Single System တစ်ခုထဲမှာတင် အသုံးပြုနိုင်တဲ့ Capacity ကို 3PB အထိ တိုးနိုင်ပါတယ်။ 

5. Flexibility and Investment Protect

– နောက်ပိုင်းမှာ Design ကို အမျိုးမျိုး ပြောင်းလဲ လာနိုင်တယ်။  ဥပမာ- Primary Storage နဲ့ ချိတ်ဆက်ထားတဲ့ Storage ကို အစက Ethernet နဲ့ ချိတ်ရာမှ နောက်ပိုင်းမှာ Fibre Channel နဲ့ ပြောင်းပြီးလဲ သွားလာနိုင်ပါတယ်။ DD Controller ကို Performance မြန်အောင်လဲ Upgrade လုပ်နိုင်ပါတယ်။ 

6. Cloud Compatible

– Long Term Data Retention အတွက် Cloud Tiering ကို အသုံးချနိုင်တယ်။ Long Term Data Retention ဆိုတာ ဒီ Data တွေ နှစ်ပေါင်းဘယ်လောက်အထိသိမ်းထားမှာလဲ နှစ်ပေါင်း ၃၀ လား ၅၀ လား အစ ရှိသဖြင့် Data Retention ကို အကြာကြီးထားရင်တော့ Space တွေ အများကြီး ယူနိုင်တာပေါ့။ ဒါပေမဲ့ DD မှာတော့ Long Term Support   လုပ်ပါတယ်။ ဒါ့အပြင် Data တွေကို Cloud ဆီကို အလွယ်တကူနဲ့ Security ကောင်းကောင်းရွှေ့နိုင်တယ်။ တခြား Cloud Gateway တွေ ဘာတွေလဲ မလိုအပ်ပါဘူး။ 

7. Data Invulnerability Architecture (DIA) 

– DD Operating System က Data Protection အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တချို့ Technology တွေက Data တွေကို လိုက်တိုက်ခိုက်နေတာတွေ ရှိတယ်။ ဒါကို DIA Architecture နဲ့ ကာကွယ်ထားပါတယ်။ Backup Software ကနေ Backup လုပ်တော့မယ့် Data တွေကို Analyze လုပ်ပြီး Checksum တွေ ထားပြီး Verified လုပ်နိုင်ပါတယ်။

‍‍‍‍‍‍ ဒါ့အပြင် Backup Software ဖြစ်တဲ့ Networker Software ကို Data Domain နဲ့ တွဲသုံးနိုင်တယ်။ Networker Software ကလဲ Compression လုပ်ပေးတယ်။ DD ကိုရောက်တော့လဲ DD က ထပ်လုပ်ပေးနိုင်တယ်။  ဒါ့ကြောင့် Storage Space Data (သိမ်းဆည်းနိုင်သောနေရာ) ပိုမို ရရှိလာနိုင်ပါတယ်။

Data Domain ကို Physical Appliance အနေနဲ့ရော Virtual Appliance အနေနဲ့ရော အသုံးပြုနိုင်ပါတယ်။ Data Domain Physical Appliances မှာ နှစ်မျိုးရှိတယ်။ Entry-Level to Midrange Backup Appliance နဲ့ Enterprise Backup Appliance ဆိုပြီး ဖြစ်ပါတယ်။ရရှိနိုင်တဲ့ Specification ကတော့ အမျိုးမျိုး Level လိုက်ကွာနိုင်ပါတယ်။

‍‍‍‍‍‍ NEX4 အနေနဲ့တော့ Customer ရဲ့ လိုအပ်ချက်တွေ Sizing တွေ အပေါ်မူတည်ပြီး ဘယ် Device ကတော့ သင့်တော်ပါတယ် ဆိုပြီး ပထမဆုံး Solution ကို Consult လုပ်ပေးလေ့ ရှိပါတယ်။ ဥပမာ- DD 9300 လား DD 9800 လား DD 6300 လား အစရှိသဖြင့်။

‍‍‍‍‍‍ NEX4 အနေနဲ့ Banking System တော်တော်များများ Enterprise Business တော်တော်များများမှာ Data Protection အတွက် EMC DD ကို အသုံးပြုလေ့ရှိတယ်။ ပထမဆုံး Solution ကို ရှင်းပြပြီး Consulting Service ပေးတယ်။ ထို့နောက် Product Sizing တွေ တွက်ပြီး Scopes တွေ ဆွေးနွေး ကြတယ်။ နောက်ဆုံးမှာမှ Implementation and Managed Service ပေးပြီး Support ပေးနေပါတယ်။ 

Don’t forget to share this post!