New Features in vSphere 6.7

➡ vSphere Web Client
HTML 5 client က 6.5မှာ အသုံးပြုနိုင်မှု မပြည့်စုံသေးပေမဲ့ (Partially Functional) ၊ အခု 6.7 မှာ ပြည့်စုံအောင် အသုံးပြုလို့ရနေပါပြီ။ နောက်ဆိုရင် ESXi နဲ့ vCenter ကို Login ဝင်မယ့်စက်တိုင်းရဲ့Internet Browser တွေမှာ Flash Player တင်ရတဲ့ ဒုက္ခကနေကင်းဝေးတော့မှာပါ။
‍‍‍‍‍‍
➡ VM Hardware Version 14
vSphere 6.7 ESXi host ပေါ် မှာ VM အသစ်ဆောက်တဲ့အခါ (သို့) လက်ရှိVMs တွေကို VM Hardware Version Upgrade ကို 14 အထိလုပ်ရင် အောက်ပါ Feature အသစ်တွေနဲ့ Maximum Configuration တွေထိရနိုင်ပါလိမ့်မယ်။
‍‍‍‍‍‍
➡ Per-VM EVC (Enhanced vMotion Compatibility)
အရင်က Cluster Level မှာ EVC ကို On ရပါတယ်။ ESXi တစ်လုံးလုံးကို reboot ချဖို့လိုပါတယ်။ အကြောင်းအရင်းက CPU generation မတူတဲ့ ESXi server ၂ခုမှာ VM တွေကို VMotion ရွှေချင်ရင် EVC On ပေးရပါတယ်၊ အဲ့ဒီ Feature On တော့မှ CPU Model မတူတဲ့ ESXi ၂လုံးက VM တွေ VMotion ရွှေလို့ရပါတယ်။ ဥပမာ ESXi တလုံးက Intel Xeon 5th Generation ရှိပြီး ကျန်တလုံးက 4th Generation ဘဲရှိတာမျိုး။ 6.7မှာတော့ VM Level အထိ ဆင်းပြီး ညှိုလို့ရသွားပါပြီ။ Use Case ကတော့ VM တွေအကုန်မရွှေဘဲ တလုံးတလေဘဲရွှေမဲ့ Scenario တွေအတွက်ပါ။
‍‍‍‍‍‍
➡ ESXi Quick Boot
ESXi ကိုပုံမှန်အတိုင်း Reboot လုပ်တဲ့အခါ Physical Server လဲ Restart ဖြစ်ပါတယ်၊ BIOS တွေ Hardware Component တွေ Reboot လုပ်တဲ့အခါ အချိန်အတော်ကြာစောင့်ရလေ့ရှိပါတယ်။ Quick Boot Feature က Hardware တွေ Reboot မလုပ်တော့ဘဲ ESXi Hypervisor OS Only ကိုဘဲ Reboot ချတာဖြစ်ပါတယ်။ ESXi Version Update နဲ့ Upgrade လုပ်တဲ့အခါတွေမှာလဲ အသုံးဝင်ပါတယ်။ လက်ရှိမှာတော့ Hardware တိုင်းက ဒီ Feature ကို Support မလုပ်သေးပေမဲ့ နောင်တချိန်မှာတော့ တွင်ကျယ်လာမဲ့ Feature တခုပါ။
‍‍‍‍‍‍
➡ VM Instant Clone
ပုံမှန် vCenter ရှိတဲ့ Environment တွေမှာ VM ကို Clone ရိုက်ဖူးကြပါလိမ့်မယ်။ VM ကို Shutdown အရင်ချရပါမယ်။ အဲ့လိုရိုက်တာက Full Clone ပါ။ Destination VM ရဲ့ Hard Drive ကသီးသန့် မှီခိုမှုမရှိတဲ့အသစ်တစ်လုံးအနေနဲ့ပါ။ Instant Clone ကကျတော့ Shutdown ချစရာမလိုဘဲ Operation ဖြစ်နေတဲ့အချိန်မှာ Source VM ကနေ ရှိနေတဲ့ Memory State နဲ့ Base Disk ကို မှီငြမ်းပြီး VM အသစ်လေးတစ်လုံး ဆောက်လိုက်တာပါ။ အားသာချက်ကတော့ Memory အများကြီး သုံးတဲ့ Application ကို Run ရတဲ့ VM တွေမှာ VM တစ်လုံး Clone လုပ်တိုင်း Memory ၂ဆမကုန်တော့ပါဘူး၊ VM အသစ်က Memory နည်းနည်းဘဲထပ်ယူပါတော့တယ်။ Disk ကလဲ Changes ဖြစ်မဲ့ Delta Disk ဘဲလိုပါတော့တယ်။ Capacity တွေ Performance တွေ အများကြီး Save ဖြစ်ပါတယ်။ Limitation ကတော့ Source VM ပေါ်မှီခိုရပါတယ်။
‍‍‍‍‍‍
➡ Persistent Memory (PMem) with NVDIMM (Non-Volatine Dual In-line Memory)
လွယ်ကူအောင်ပြောရရင် Storage ရဲ့ Space နဲ့ Performance ကို Logical Memory အနေနဲ့ပြောင်းပြီးတော့ IO Intensive Workload တွေကို ပိုမြန်ဆန်အောင် Store ပြီး Run တာပါ။ သာမာန် DRAM နဲ့မတူဘဲ မီးပျက်တဲ့အချိန်မှာလဲ Battery ကထိန်းပြီး Saveထားပေးနိုင်တဲ့ အတွက်ကြောင့်လဲ Non-Volatile လို့ခေါ်တာပါ။ ဒီ Feature ရဖို့အတွက် Hardware ကလဲ Support လုပ်တဲ့ Hardware ဖြစ်ရပါမယ်။
‍‍‍‍‍‍
➡ Fault Tolerance (FT)
Host တလုံးမှာ FT VMs (Including Primary And Secondary VMs) အများဆုံး ၄ခုရပါပြီ။Host တလုံးမှာ vCPUs ပေါင်း (including primary and secondary VMs’ vCPUs) အများဆုံး ၈ ခုရနိုင်ပါပြီ။ vSphere Standard License မှာ ဆိုရင်တော့ FT VM ရဲ့ vCPUs က အများဆုံး ၂ ခုပဲ ခွင့်ပြုပါတယ်။ vSphere Enterprise Plus License ကျမှ FT VM ရဲ့ vCPUs ကို ၈ ခုထိထားလို့ရပါတယ်။
‍‍‍‍‍‍
➡ Backup vCenter Appliance with Schedule
vCenter Appliance Type သုံးတဲ့သူတွေအတွက် သတင်းကောင်းပါ။ vCenter ရဲ့ Configuration Data တွေကို Schedule နဲ့ပါ Backup ယူလို့ရနေပါပြီ၊ အကြောင်းကြောင်းကြောင့် vCenter သုံးမရဖြစ်သွားခဲ့ရင် အသစ်တလုံးပြန်တင်ပြီး အဟောင်းက Configuration
တွေပြန် Restore ချနိုင်လို့ပါ။
‍‍‍‍‍‍
➡ vTPM (virtual Trusted Platform Module)
Security Reason အရ VMကို အပြင်ကူးယူပြီး Data တွေဖောက်ယူလို့မရအောင် Encryptလုပ်ရပါတယ်။ Encryption ကို OS ထဲမှာလုပ်စရာမလိုတော့ဘဲ VM တခုလုံးကို Encrypt လုပ်နိုင်ပါပြီ။ မကြာ ခင် အနာဂတ်မှာ Encryption ကို ပိုပြီးတွင်ကျယ်စွာသုံးလာနိုင်မှာဖြစ်ပါတယ်။
‍‍‍‍‍‍
Hardware ပေါ်မှာ Version 6.7 ကို အသစ်အနေနဲ့ (သို့) Upgrade အနေနဲ့တင်မယ်ဆိုရင် အရင်ဆုံး Hardware Componentတွေနဲ့ကိုက်မကိုက် စုံစမ်းသင့်ပါတယ်။
အောက်ပါ Link လေးကတော့ vMware ရဲ့ Hardware Compatibility List ကိုစစ်လို့ရပါတယ်။
➡https://www.vmware.com/resources/compatibility/search.php
‍‍‍‍‍‍
တခြား Software တွေနဲ့လဲ Compatible ဖြစ်မဖြစ်စူးစမ်းပြီးကြိုတင် ပြင်ဆင်သင့်ပါတယ်၊ vSphere ကို Version မြင့်ပြီးတဲ့နောက်ပိုင်းမှာ မထင်မှတ်ထားဘဲနဲ့ Hardware နဲ့ Software Compatibility Issue တွေဖြစ်တတ်ပါတယ်။ ဥပမာ တခုအနေနဲ့ကတော့ Backup Software က VM Level Backup Job တွေ Fail ကုန်တာတွေဖြစ်ဖူးပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ Backup Software က အသစ်မြင့်လိုက်တဲ့ vSphere နဲ့ Compatible မဖြစ်တော့လို့ပါ၊ အဲ့လိုကိစ္စမှာဆိုရင် Backup Software ကိုပါတခါထဲ Compatible ဖြစ်မဲ့ Backup Software Version ကို Upgrade လုပ်ရင်လုပ်၊ အဲ့လိုလိုက်မမြင့်ချင်ရင်၊ မြင့်ပြီးသား vSphere Version ကို အဟောင်းပြန်ဖြစ်အောင် Downgrade ပြန်ချရပါတယ်။
‍‍‍‍‍‍
အောက်မှာ ကိုယ်တိုင်လေ့လာနိုင်မယ့် အသုံးဝင်တဲ့ Link တွေပါ။
➡ https://docs.vmware.com/…/vsphere-esxi-vcenter-server-67-re…
‍‍‍‍‍‍
✍ Author : Ye Yint Si Thu

Don’t forget to share this post!