NEX4 profile

NEX4 ကုမ္ပဏီကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာ ဝန်ထမ်း လေးယောက်နဲ့ စတင် တည်ထောင်ခဲ့ပါတယ်။ ယခုအချိန်မှာ ကုမ္ပဏီရဲ့သက်တမ်းဟာ (၅) နှစ်ကျော်လာခဲ့သလို ဝန်ထမ်းအင်အားမှာလဲ ၇၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ‍‍‍‍‍‍
‍‍‍‍‍‍
IT နည်းပညာတွေ တနေ့တခြား တိုးတက်လာတဲ့ ခေတ်ထဲမှာ ကျွန်နော်တို့NEX4 ကုမ္ပဏီကို Advanced Technology Next Generation နည်းပညာတွေနဲ့ Customer တွေရဲ့IT နည်းပညာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာပါ။ NEX4 ဆိုတဲ့ နာမည်ကို ပေးဖြစ်ပုံကတော့ Nexus ဆိုတဲ့ အပြန်အလှန် ပူးပေါင်းချိတ်ဆက်ပေးတဲ့ အဓိပ္ပာယ်ကို ကုမ္ပဏီရဲ့မူဝါဒ လေးရပ်ဖြစ်တဲ့ –
‍‍‍‍‍‍
✔ Speed ဆိုတဲ့ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်မှု၊
‍‍‍‍‍‍
✔ Security ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံမှု၊
‍‍‍‍‍‍
✔ Reliability ဆိုတဲ့ စိတ်ချယုံကြည်အားထားနိုင်မှု၊
‍‍‍‍‍‍
✔ Satisfaction ဆိုတဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်မှု စတဲ့ အချက်လေးချက်နဲ့ပေါင်းစည်းကာ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
‍‍‍‍‍‍
ဒါ့အပြင် Customer တွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့အတွက် ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီတွေနဲ့ Partnership ရယူပြီး ဆောင်ရွက်လေ့ ရှိပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
NEX4 အနေနဲ့အဓိက ဝန်ဆောင်မှုပေးနေသော Solution နဲ့ Service တွေကတော့ –
‍‍‍‍‍‍
1️⃣ Enterprise Server, Storage Virtualization Solution & Service
‍‍‍‍‍‍
2️⃣ Enterprise Network & Security Solution Services
‍‍‍‍‍‍
3️⃣ Cloud and Data Center Solution
‍‍‍‍‍‍
4️⃣ E-mail Collaboration and End User Services
‍‍‍‍‍‍
5️⃣ Consulting & Managed Service တို့ ဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
➡ အထက်ပါ Solution နဲ့Service တွေကို ဆောင်ရွက်ရာမှာ Cisco, f5, VMware, Dell EMC, Palo Alto, Splunk, Infoblox, IMPERVA, ORACLE, RAPID7, NUTANIX, FORTINET, Microsoft စတဲ့ Market Leader Partners တွေနဲ့ ပူးပေါင်းပြီးအဓိက Solution တွေ ပေးထားတာ ဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
➡ Partner level အနေနဲ့ဆိုရင်လည်း အမြင့်ဆုံးနှင့် ပထမဆုံး CISCO Gold Local Partner, f5 Gold Partner တွေကို ရရှိခဲ့ပြီး အခြား Product partner level တွေအနေနှဲ့ ဆိုရင်လည်း Solution & Service တွေကိုတဆင့် ပြန်လည်ရောင်းချနိုင်တဲ့ Partner level အသီးသီးကို ရရှိထားပြီးဖြစ်ပါတယ်။ ဒီလို Partner level ကို ရရှိတယ် ဆိုတာကလည်း Principal တွေက ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီလို့ ဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
➡ ယခု ၅ နှစ်တာအတွင်း NEX4 ရဲ့Customer အဖွဲ့အစည်းပေါင်း ၅၀ ကျော်ရှိလာပါတယ်။ အဓိကအားဖြင့် ဘဏ်လုပ်ငန်း Customer တွေ အနေနဲ့ဆိုရင် မြန်မာနိုင်ငံမှာ အောင်မြင်မှု ရနေတဲ့ဘဏ်ကြီးတွေက အစ ကမ္ဘောဒီးယား၊ ဘရူနိုင်းနိုင်ငံတို့မှာရှိတဲ့ နာမည်ကြီး ဘဏ်တွေကပါ NEX4 ရဲ့ Service ကို ယုံယုံကြည်ကြည် သုံးစွဲနေကြပါပြီ။ ကျွန်တော်တို့ရဲ့Team member တွေဆိုရင်လည်း Professional Standard များနှင့် ပြည့်မှီတဲ့ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေကနေ ပေးအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြု Certificate များကို ရရှိထားသူများ ဖြစ်ကြပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
➡ ဒါ့အပြင် Customer တွေရဲ့လိုအပ်ချက်များကို အပြည့်အ၀ ထမ်းဆောင်နိုင်ရန် အတွက်Team members များ အရည်အချင်းတိုးတက်လာအောင် ပြည်တွင်းပြည်ပ Training များသို့ စေလွှတ်ပြီး စဉ်ဆက်မပြတ် မြှင့်တင်ပေးလျက်ရှိပါတယ်။ မျိုးဆက်သစ် နည်းပညာရှင်တွေ အတွက်ကိုလည်း Internship program, Field Study program စတဲ့ လုပ်ငန်းခွင်ဆိုင်ရာ လက်တွေ့ အခွင့် အလမ်းတွေ ပေးအပ်ကာ အနာဂတ် နည်းပညာ တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့များ ပေးလျက်ရှိပါတယ်။ ဒီ Program တွေကို UIT, MTU, UTYCC နဲ့ အခြား နည်းပညာဆိုင်ရာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး နှစ်စဉ် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အခွန်များကိုလည်း နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အပြည့်အဝထမ်းဆောင်ပေးခြင်းနဲ့ နိုင်ငံတော်ရဲ့ ဝင်ငွေကိုလဲ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ပေးနိုင်ခဲ့ပါတယ်။
‍‍‍‍‍‍
➡ ဥပမာအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အခွန်အများဆုံးထမ်းဆောင်ခဲ့သော ကုမ္ပဏီများအနက် ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ကုန်သွယ်လုပ်ငန်းခွန်ထမ်းဆောင်ရာမှာ အဆင့် ၅၂၂ နှင့် ဝင်ငွေခွန်ထမ်းဆောင်ရာမှာအဆင့် ၄၈၆ ရရှိခဲ့ပါတယ်။ ‍‍‍‍‍‍
‍‍‍‍‍‍
အချုပ်အားဖြင့် NEX4 ကုမ္ပဏီဟာ –
‍‍‍‍‍‍
1️⃣ Good for the customer,
‍‍‍‍‍‍
2️⃣ Good for the employee,
‍‍‍‍‍‍
3️⃣ Good for the Community and Nation,
‍‍‍‍‍‍
4️⃣ Good with the Technology and Professionalism ဆိုတဲ့ Four essential quality များနဲ့ အနာဂတ် လုပ်ငန်းစဉ်များကို အကောင်းဆုံး ရှေ့ဆက်လုပ်ဆောင်သွားမယ်ဆိုတာကို ပြောကြား လိုပါတယ်။
‍‍‍‍‍‍
အားလုံးကို ကျေးဇူးတင်ပါတယ်။

Don’t forget to share this post!