Cloud Solution part (1)

➡ ယခုခေတ်နောက်ပိုင်းမှာ IT Trends ဟာ Cloud Solution ဘက်ကိုသွားနေကြပါ တယ်။ အခြေခံအားဖြင့် Cloud computing ဆိုတာ ကိုယ်ပိုင်သိမ်းဆည်းလိုသော Data တွေအတွက် တစ်ခြားတစ်နေရာကနေ outsources ယူထားသလိုပါပဲ။ Cloud Computing ကို အသုံးချပြီး software တွေ application တွေကို internet ရှိနေယုံနဲ့ ဘယ်နေရာကနေမဆို အချိန်မရွေး အသုံးပြုလာနိုင်ပါတယ်။ ထို့အပြင် လိုအပ်တဲ့ hardware resources တွေ services တွေကိုလဲ internet ကနေ တဆင့်ရနိုင်ပါတယ်။ Cloud Computing ကို အသုံးပြုခြင်းဖြင့် hardware တွေ software တွေကို ကိုယ်တိုင် manage လုပ်တာတွေ maintain လုပ်တာတွေ လုပ်စရာ မလိုတော့ဘဲ Cloud solution provider တွေကသာ တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
‍‍‍‍‍‍
➡ Cost ပိုင်းအရကြည့်မယ်ဆိုရင်လဲ cloud က Pay-as-you-go model နဲ့သွားတယ်။ Pay-as-you-go ဆိုတာ ကိုယ်သုံးသလောက်ကိုပဲ ပေးရမှာဖြစ်ပါတယ်။ အရင် on-premise တွေမှာဆိုရင် Data Centerကြီးတွေဆောက်ကြတယ် အဲ့ Data Center ကြီးတွေမှာ လိုအပ်တဲ့ hardware resource တွေဖြစ်တဲ့ server device တွေ network device တွေ storage device တွေ နဲ့ security အတွက်လိုအပ်တဲ့ firewall device တွေကိုပါ host လုပ်ထားရပါတယ်။ ဒါ့အပြင် Data Center တစ်ခုခုကြောင့် ပျက်သွားခဲ့ရင်တောင်မှ data တွေ information တွေ application တွေ မပျက်အောင် standby အနေနဲ့ထားရတဲ့ အခြေအနေမျိုးမှာဆိုရင် resources နှစ်ဆ အနေနဲ့ Data Center (DC) ကြီးတွေနဲ့ Disaster Recovery (DR) ဟူ၍နှစ်မျိုးနှစ်နေရာခွဲထားရတဲ့ အပိုင်းတွေလဲ ရှိနေပါတယ်။ ဒီ့ထက် ဆိုးတဲ့ အပိုင်းတစ်ခုကတော့ ကိုယ့် DC ထဲမှာ Data resource တွေကို long-term plan (ရေရှည်စီမံကိန်း) နဲ့သွားနေတာတွေရှိတယ်။ ဥပမာ ဆိုပါစို့ – အစဦးဆုံး initial step မှာ data သိမ်းဖို့ 1 TB လိုတယ်။ ဒါပေမဲ့ တစ်ခါထည်း ၃ နှစ်စာ အတွက် 5TB ကို စထားကြတယ်။ သည်နေရာမှာ ကြိုတင် ရင်းနှီး မြုပ်နှံ ထားရပါတယ်။ Cloud solution မှာဆိုရင် scale in, scale out feturing ပါတယ့်အတွက် ကြိုတင် ရင်းနှီးထားစရာမလိုပဲ လိုသလောက်နဲ့ စနိုင်ပါတယ်။ ဒါ့ကြောင့် လိုသလောက်ပဲ သုံးပြီး သုံးသလောက် ပဲ ကုန်မှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
အခြေခံအားဖြင့် cloud model ကို သုံးမျိုးခွဲထားပါတယ်။
✔Infrastructure as a Service(IaaS)
✔ Platform as a service(PaaS)
✔ Software as a service(SaaS) ရယ် ဆိုပြီးတော့ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဖော်ပြပါ service model တွေ အကြောင်းကို ဆက်လက်ဆွေးနွေးသွားပါမယ်။‍‍‍‍‍‍
‍‍‍‍‍‍
➡ Infrastructure as a Service ဆိုတာကတော့ ကိုယ့်system တစ်ခုတည်ဆောက်ရာမှာ လိုအပ်တဲ့ Hardware Resources တွေဖြစ်တဲ့ Compute device တွေ, Storage device တွေ နဲ့ network အတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်စရာမလိုတော့ဘူး။ တပ်ဆင်တည်ဆောက်စရာ မလိုအပ်တော့ပါဘူး။ Cloud solution provider, ဥပမာ (Azure, AWS, GCP, အစရှိသဖြင့်) ကနေပဲ ထိန်းသိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အသုံးပြုသူတွေ အနေနဲ့ ကိုယ် အသုံးပြုချင်တဲ့ အခါ VMs (Virtual Machine) တွေ ကို click နှိပ်ရုံနဲ့ မြန်မြန်နဲ့ လွယ်လွယ် တည်ဆောက်နိုင်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
➡ Platform as a service မှာကြတော့ IaaS လို resource တွေပဲပေးသုံးတာ မဟုတ်ပဲနဲ့ ကိုယ်လိုချင်တဲ့ platform တစ်ခုလုံးကို ရနိုင်တာဖြစ်တယ်။ ဥပမာ – Web platform, Application Platform, Database platform အစရှိသဖြင့်… The underlying layer လို့ခေါ်တဲ့ အောက်မှာ ရှိတဲ့ layer တို့ operating system တို့ဟာ Cloud provider တွေကနေ provide လုပ်ပြီးသား support ပေးပြီးသားဖြစ်ပါတယ်။ ဥပမာ database platform ကိုသုံးတဲ့ organization တွေမှာ ဆိုရင် database server တွေကို maintain လုပ်ရတာတွေ service တွေကို maintain လုပ်ရတာတွေရှိတယ်။ Cloud ရဲ့ Database platform မှာဆိုရင် platform တစ်ခုလုံးကို cloud provider တွေဘက်ကပဲ maintain လုပ်ပေးထားတာဖြစ်တယ်။ ‍‍‍‍‍‍
‍‍‍‍‍‍
➡ Software as a service (SaaS) ကတော့ အရိုးရှင်းဆုံး အလွယ်ကူဆုံးဖြစ်တယ်။ ကိုယ်လိုအပ်တာ သုံးချင်တာကို cloud ကနေ ယူသုံးတာမျိုးဖြစ်တယ်။ ဥပမာ-အရင် တုန်းကဆိုရင် email system အတွက် Local Data Center မှာ email server တွေထားပြီး config တွေလုပ်သုံးနေတာမျိုးဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ cloud ရဲ့ email system software တွေကို သုံးခြင်းဖြင့် နဂိုရှိခဲ့တဲ့ server တွေကို ထိန်းသိမ်းစရာ တည်ဆောက်ထားစရာ မလိုတော့ဘူး။ resource မလောက်တော့လို့ ထပ်ထည့်ရတာတွေ ထပ်ပြီး maintain လုပ်ရတာတွေရှိမှာ မဟုတ်တော့ဘူး။ analysis လုပ်တဲ့ system တွေ tools တွေကို cloud မှ အလွယ်တကူ ရယူနိုင်ခြင်းကြောင့် အားသာချက်တွေများစွာ ရရှိနိုင်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
နောက်တစ်ပိုင်းမှာတော့ Cloud Security နဲ့ Cloud monitoring တို့ကို ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။‍‍‍‍‍‍
‍‍‍‍‍‍
—————-
‍‍‍‍‍‍
Cloud Solution Part (1)
▪▪▪▪▪▪▪▪▪▪
‍‍‍‍‍‍
➡ Nowadays, technology is moving to Cloud Solution. Cloud Solution Technology is one of the latest technical trends. So, what is cloud computing? Essentially, cloud computing is a kind of outsourcing of cloud programs. Using cloud computing, users can able to access software and applications from anywhere, anytime with any device through internet connection. Required hardware resources and services can also directly access from internet by using cloud computing. With Cloud Computing, there is no need to manage hardware and software that becomes the responsibility of the cloud solution provider.
‍‍‍‍‍‍
➡ You only need to pay the resources charges as you used called Pay-as-you-go. And, you can scale up or scale down in so easily and upgrades are automatic. At on-premise solution, all of the required hardware resources are hosted on Data Center such as Servers, Storage, network connections and other firewall devices for security. In this traditional solution, we also need to plan for backup and standby status so there have double resources at Data Center (DC) site and Disaster Recovery (DR) site. And then, the worst condition at traditional solution is that the long-term resources are invested on Data Center. For example, if the storage size 1 TB is need as initial state but for the three-year plan, it will be 3 or 5 TB. So, at initial state, storage sizing is started with 5 TB estimated. But at the cloud solution, the case is totally difference. If you want to start with 1 TB storage as initial state, you can. At later, we need more sizes in case, cloud solution provides the sale up, scale out easily. So, the invested cost will be very different and in cloud technology, we can start with low price for resource charges. A lot of man power is used at traditional solution and they have to maintain and managed the whole infra. In cloud technology, all of the configurations are just needed to click and maintenance services are handled by cloud provider.
‍‍‍‍‍‍
Basically, there are three cloud service model as
✔ Infrastructure as a Service
✔ Platform as a Service
✔ Software as a Service. The services will be presented later and please read to completely finish. Finally, cloud technology goes to serverless computing, container technology. Firstly, I would like to present about three difference services model. ‍‍‍‍‍‍
‍‍‍‍‍‍
➡ In IaaS service model, the hardware resources such as Compute, Storage and Network, also providing backup, security and maintenances which are provided, supported and managed by cloud solution provider. So, as the end users, there is only needed to create Virtual Machines (VM), install OS and run applications. ‍‍‍‍
‍‍‍‍‍‍
➡ In Platform as a Service (PaaS) service model, there are more service stacks than IaaS solution. There are Web Platform, Application Platform Database Platform and so on. These platforms are already supported by cloud providers. The underlying layer, OS, hardware and VMs are already served by Cloud provider. For Example, in web platform, the web services and web servers are managed by cloud provider. In Database platform, database server and database services are already managed and supported by Cloud solution providers. So, in web platform, end users will only need to do web pages uploading and finally they can run websites. Installation of databases are not needed at database platform and can use easily when the database instances are created. When choosing a PaaS solution, the most important considerations beyond how it is hosted are how well it integrates with existing information systems, which programming languages it supports, what application-building tools it offers, how customization or configurable it is, and how effectively it is supported by the provider.‍‍‍‍‍‍
‍‍‍‍‍‍
➡ The Software as a Service (SaaS) is the simplest and easiest. All of the software issues and OS issues will be solved by cloud providers at background. Let me mention the most popular enterprise software as Office 365, Dynamic 365, ERP, Power BI, other project management applications and many other applications.‍‍‍‍‍‍
‍‍‍‍‍‍
About cloud security features and cloud monitoring will be presented at next content.

Don’t forget to share this post!