Video Conferencing

🎥 About: Video Conferencing
✍ Author: Ko Bo Bo Aung
📖 PDF download: https://my.pcloud.com/publink/show…
‍‍‍‍‍‍
ယနေ့ခေတ်မှာ Modern Workspace တစ်ခုကို ဖန်တီးတဲ့အခါမှာ ပိုမိုမြန်ဆန်လွယ်ကူပြီး ထိရောက်တဲ့ Communication တွေ တည်ဆောက်နိုင်ဖို့ အများကြီးလိုအပ်လာပါတယ်။
‍‍‍‍‍‍
✔ Expand Collaboration Efforts
✔ Reduce Travel Costs
✔ Simplify Mobility
ဒီအချက်တွေကြောင့် Unified Communication Solution တွေ Video Conferencing နည်းပညာတွေဟာ အများကြီးအရေးပါတဲ့ကဏ္ဍမှာ ပါဝင်လို့လာပါပြီ။ ဒီနည်းပညာတွေနဲ့ပက်သတ်တဲ့ Knowledge ကို ရနိုင်စေဖို့ Video Conferencing Article ကို Share လိုက်ပါတယ်။ Video Conferencing နဲ့ပက်သတ်တဲ့ Technology တွေ၊ Components တွေ၊ Meeting Room, Conference Room, Boardroom တွေ၊ Video Standard တွေ အကြောင်းကို တင်ပြပေးမှာပါ။

Video Conference ဆိုတာကတော့ ရုပ်မြင် အသံကြားရပြီး နှစ်ဦးတည်း သော်လည်ကောင်း၊ group လိုက် သော်လည်ကောင်း မတူညီတဲ့ နေရာတွေကနေ virtual communication လုပ်နိုင်ခြင်းကို ဆိုလိုပါတယ်။

Video conference လုပ်နေစဉ်မှာလဲ presentation slide တွေ၊ တခြား media data တွေကို PC ကနေ တဆင့် wire connection (VGA or HDMI) သို့မဟုတ် wireless မှတဆင့် connect လုပ်ပြီး remote party ကို share လို့ရပါတယ်။

Video conference session တစ်ခု လုပ်ဖို့ဆိုရင်တော့ အနည်းဆုံး endpoint နှစ်ခု လိုအပ်ပါတယ်။ အဲဒီ endpoint မှာ အောက်မှာ ဖေါ်ပြထားတဲ့ အစိတ်အပိုင်းတွေပါရပါမယ်။
-Camera (ရုပ်ကို capture လုပ်ဖို့အတွက် camera လိုပါမယ်)
-microphone (အသံ ဖမ်းဖို့အတွက် microphone လိုပါမယ်)
-Display (Remote party ကိုမြင်ရဖို့အတွက် display လိုပါမယ်)
-speaker (Remote party ပြောတာကြားရဖို့အတွက် speaker လိုပါမယ်)
-Codec (software နဲ့ Hardware ပေါင်းစပ်ထားတဲ့ control unit တခုပါ) codec မှာ camera, microphone, display နဲ့ speaker တွေလာပြီး connect လုပ်ပါတယ်။ ပြီးတော့ camera နဲ့ Microphone တွေက capture လုပ်ထားတဲ့ အရုပ်၊ အသံတွေကို IP network ပေါ် သို့မဟုတ် ISDN network ပေါ် ကို transmit လုပ်နိုင်ဖို့အတွက် compress လုပ်ခြင်း decompress လုပ်ခြင်း စတာတွေကို Codec ကလုပ်ပေးပါတယ်။ Codec ဆိုတဲ့ စကားလုံးကိုက compress ရဲ့ co နဲ့ decompress ရဲ့ dec အရှေ့ အက္ခရာလေးတွေကိုပေါင်းထားတာပါ။
-remote control or touch pad (video call ခေါ်ဖို့ (သို့) ခေါ်လာတာကို Answer လုပ်ဖို့၊ video conference session ကို end လုပ်ဖို့၊့microphone mute/ unmute လုပ်ရန်၊ camera ကို zoom in/out နဲ့ အထက် အောက် ဘယ် ညာ ရွှေ့ဖို့ အတွက် remote control သို့မဟုတ် touch pad တစ်ခုလိုပါ တယ်။

ခုဆိုရင် Video Conference endpoint တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေတော့သိသွားပြီ။ ပုံကို ကြည့်မယ်ဆိုရင် အပေါ်မှာဖေါ်ပြထားတဲ့ အစိတ်အပိုင်းအားလုံးကိုတွေ့မြင်ရမှာပါ။

Figure 1 က နမူနာ ပုံလေးကတော့ Cisco ရဲ့ SX 20 video endpoint ပုံလေးပါ။) figure 2 ကတော့ အဲဒီ အစိတ်အပိုင်းတွေကို ဘယ်လို ချိတ်ဆက်ထားလဲ ဆိုတာကို ဖေါ်ပြထားတာပါ။

ပုံကိုကြည့်ရင် display နှစ်ခု (Main display နဲ့ Second Display for presentation) ဆိုပြီး connect လုပ်ထားတာကို တွေ့ရမှာပါ။
Display နှစ်ခုသုံးခြင်းရဲ့ အားသာချက်က video conference လုပ်နေစဉ် presentation share ရင် main video နဲ့ presentation ကို screen တစ်ခုဆီမှာ သီးသီးသန့်သန့်နဲ့ full screen မြင်ရခြင်းပါပဲ။ပုံတွေကို ကြည့်ရင် ပိုရှင်းလင်းသွားမှာပါ။

Figure 3 ပုံကတော့ Cisco ရဲ့ Webex Room kit video endpoint ပုံပါ။ ဒီ endpoint မှာ ဆိုရင်တော့ အပေါ်မှာဖေါ်ပြခဲ့တဲ့ အစိတ်အပိုင်းတွေကို သီးခြားစီ မမြင်ရတော့ဘဲနဲ့ single appliance အနေနဲ့ပဲ မြင်ရမှာပါ။ camera, microphone, speaker, codec တွေကို integrated လုပ်ထားတာပါ။ ဒီ endpoint လေးကတော့ တော်တော်လေးကို feature စုံပြီး powerful ဖြစ်တဲ့ Cisco ရဲ့ new generation endpoint တစ်ခုပါ။

Sx20 နဲ့ Webex Room kit လိုendpoint အမျိုးအစားတွေက သီးသန့် Display လိုပါတယ်။ display က TV နဲ့ တွဲလို့ရသလို projector နဲ့လဲတွဲလို့ရပါတယ်။

Figure 4 – ပုံ ကတော့ fully integrated လုပ်ထားတဲ့ Cisco ရဲ့ Mx700 Telepresence endpoint ပုံပါ။ camera, microphone, speaker, codec, display နဲ့ပါ integrated လုပ်ထားပါတယ်။ဒီ endpoint မှာဆိုရင် Dual Display (TV နှစ်ခု) ပါပါတယ်။

Figure 5 ကတော့ Cisco ရဲ့ immersive system ပါ။ Life size image view ကိုမြင်ရပါတယ်။ location မတူတဲ့နေရာကနေ video conference လုပ်နေပေမဲ့လဲ physical room တခုထဲ မှာ meeting လုပ်နေတဲ့ ခံစားမှုမျိုးကို ပေးပါတယ်။
ထိုင်ခုံက လွဲလို့ table အပါအဝင် system set တခုလုံးက Cisco က provide လုပ်ပါတယ်။ Advance video conference system တစ်ခုပါ။ standalone အနေနဲ့ install လုပ်လို့မရပါဘူး။ back end မှာ server တွေလိုပါတယ်။ ပြီးတော့ Room size, wall type, lighting position, room ရဲ့ ဆေး အရောင်က အစ guide line တွေရှိပါတယ်။ ဒီ system ကို install မလုပ်ခင် RRA (Room Readiness Assessment) တို့ NPA ( Network Path Assessment) တို့လုပ်ရပါတယ်။
Install လုပ်မယ့် engineer ကလဲ Telepresence Solution Specialist Exam (700-070 IX5K) ကို အောင်ထားရပါမယ်။

Figure 1 to 4 endpoints တွေကတော့ standalone အနေနဲ့ setup လုပ်ပြီး သုံးလို့ရသလို backend Server မှာ register လုပ်ပြီးလဲ သုံးလို့ရပါတယ်။ Cisco ရဲ့cloud မှာ direct register လုပ်လို့ရသလို၊ On premises မှာ server setup လုပ်ပြီး endpoint တွေကို register လုပ်ပြီး အသုံးပြုလို့ရပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ အသေးစိတ်ပြောသွားပေးပါ့မယ်။

Figure 1 to 5 အားလုံးက room based system တွေပါ။

Figure 6 ကတော့ personal endpoint ပါ။ ဒါလဲဘဲ integrated video endpoint ပါ။ camera, microphone, speaker, codec, display အားလုံးပါပါတယ်။ Screen က touch screen ပါ။ ဒီ endpoint လည်း standalone အနေနဲ့ရော၊ cloud၊ on premises မှာပါ register လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Figure 7 & 8 – Soft-client အနေနဲ့ ဆိုရင်တော့ on premises အတွက်ဆိုရင် Cisco Jabber ကို သုံးလို့ရပြီး cloud base ဆိုရင် cisco webex နဲ့ webex teams ကို သုံးလို့ရပါတယ်။ ဒီ application တွေကိုသုံးပြီး PC, mobile phone, tablet တွေကနေ video conferencing, presentation sharing, message ပေးပို့ခြင်း တွေကို ပြုလုပ်နိုင်ပါတယ်။

ဒီပုံကတော့ Cisco မှာ ရနိုင်တဲ့ hardware video endpoint အမျိုးအစားတွေပါ။

video conference system တွေက အများကြီးရှိတော့ ဘာတွေကွဲပြားခြားနားလဲ၊ အသုံးပြုပုံတွေ ဘယ်လိုကွာလဲ သိဖို့လိုပါတယ်။ ဘယ်အချက်တွေကို အခြေခံပြီး ရွေးချယ်လဲဆိုတာ သိဖို့လိုပါတယ်။
-အဓိက အချက်ကတော့ room ရဲ့ size, အဲဒီ room ထဲမှာ လူဘယ်ယောက် ထိုင်နိုင်လဲ (people count), နောက် endpoint ရဲ့ feature တွေပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။
-လူ 2 ယောက် မှ 6 ယောက်စာ video conference room အတွက်ဆိုရင် sx10 လို video endpoint ကို ရွေးချယ်နိုင်ပါတယ်။
-လူ 14 ယောက် 16 ယောက်စာ video conference room အတွက်ဆိုရင် small to medium rooms အမျိုးအစားထဲက ရွေးချယ်နိုင်ပါတယ်။
-လူ အယောက် 20 အထက်ပါဝင် တဲ့ boardroom လို အခန်းကျယ် room တွေအတွက် ဆိုရင် Medium to large rooms အမျိုးအစား ထဲက ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ video conference room တစ်ခုကို setup လုပ်မယ်ဆိုရင် ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားရမလဲဆိုတာကို အောက်မှာ ကြည့်နိုင်ပါတယ်။
-Display screen ကို projector သုံးမှာလား TV သုံးမှာ လား၊ projector သုံးမယ်ဆိုရင် projector screen နဲ့ နီးတဲ့ lighting ကို အရမ်း bright ဖြစ်တာ မသုံးရပါဘူး reflashing ကြောင့် projector ပေါ်က image က ဖွေးဖွေးကြီး ဖြစ်သွားပါလိမ့်မယ်။ TV သုံးရင် ဒီပြဿနာမရှိပါ။
-video endpoint setup လုပ်မဲ့ location နဲ့ position ကိုလဲရွေးချယ်ဖို့လိုပါတယ်။
-camera ကို အလင်းပြန်နိုင်တဲ့ glass partition တွေ၊ window တွေရဲ့ ဆန့်ကျင်ဖက်အခြမ်းမှာ မတပ်ရပါဘူး။ -video confetence မှာ eye contact အရေးကြီးပါတယ်။ eye contact ရဖို့ဆိုရင် camera ရဲ့ အကောင်းဆုံး setup လုပ်ရမဲ့ position က floor ကနေ ၁ မီတာ (1 m ) အကွာအဝေးမှာ တပ်ရပါမယ်။
-Room ရဲ့Lighting ပါ။ video conference room တခုဟာ လုံလောက်တဲ့ lighting ရှိဖို့လိုပါတယ်။ လင်းအားကြီးရင်လဲအဆင်မပြေပါဘူး။ အလင်းမလုံလောက် ရင်ဖြစ်ဖြစ် လင်းအားကြီးရင်ဖြစ်ဖြစ်VC ရဲ့camera က အကောင်းဆုံး image resolution ကိုဖို့ ရဖို့ capture များများဖမ်းရပါတယ်။ capture ဖမ်းရတဲ့ ပုံရိပ် (image) များလေလေ network ပေါ်ကို transmit လုပ်ရတဲ့ packet အရေအတွက် များလေလေပါပဲ။ packet များများပို့ဖို့လိုအပ်လေ network Bandwidth ပိုလိုလေပါပဲ။ အဲဒါကြောင့် lighting ကလဲ အရေးကြီးပါတယ်။
-video conference room အတွက်ဆိုရင် lighting ကို direct light ထက် indirect light တွေကို အသုံးပြုတာက ပိုပြီး အကျိုးကျေးဇူးများပါတယ်။ indirect light ကို သုံးခြင်းဖြင့် အခန်းတွင်း ညီမျှတဲ့ အလင်း ကိုရစေပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက Cisco ရဲ့ hardware video endpoint တွေ soft-client တွေဟာ သူ့အချင်းချင်းသာ အသုံးပြု လို့ရတာမဟုတ်ပဲ Cisco မဟုတ်တဲ့ တခြား third party product တွေဖြစ်တဲ့ ဥပမာ polycom လို product တွေနဲ့လဲ ကောင်းကောင်း အလုပ်လုပ်ပါတယ်။

Cisco ရဲ့ UC product တွေကိုသုံးပြီး video conference လုပ်မယ်ဆိုရင် device တွေ အမျိုးအစား ဘယ်လိုပဲ ကွဲပြားပါစေ တူညီတဲ့ meeting experience ကို ပေးပါတယ်။

✍✍✍ Author : Bo Bo Aung​

Don’t forget to share this post!